ပြည်သူတစ်ချို့ကတော့ တော်လှန်ရေးတိုက်ပွဲများတွင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ရန်အတွက်လွတ်မြောက်နယ်မြေတွင် စစ်သင်တန်း တက်ရောက်သင်ကြားနေကြပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုတွေကိုစွန့်လွှတ်ပြီး ပြည်သူတွေကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားကြသူများလည်း ရှိကြပါတယ်။ ဒီအထဲတွင် ဘုန်းကြီးအဖြစ်ကနေ လူဝတ်လဲပြီး တော်လှန်ရေးအတွက် ရရာလက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ ဦးကေသရလည်း အပါအဝင် ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 

တောထဲရောက်နေစဉ်ကာလအတွင်း တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း ပြည်သူတွေကို ပြန်လည်ဝေမျှပေးနေတာ ဖြစ်ပါတယ်။ တစ်ချို့လူတွေက သူ့ကို PDF တပ်ဖွဲ့ဝင်လို့ ထင်နေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမြဲတမ်းရှင်းပြနေတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်တွင် သူ့ရဲ့ လက်မောင်းတံဆိပ်ကို အထင်လွဲနေကြသူများအားလုံးသိရှိနိုင်စေရန် ရှင်းပြလိုက်တာ ဖြစ်ပါတယ်။ သူကတော့NUG အစိုးရမပေါ်ခင်ကတည်းက လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေတာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းပြီးသွားချိန်မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မဟာအဖွဲ့ထဲမှာ အမှုထမ်းနေဆဲဖြစ်ပါတယ်။ အာဏရှင်ပြုတ်ကျရေး ၊ တော်လှန်ရေး အောင်မြင်သည်အထိ KNU KNLA တပ်မဟာမှာပဲ ပူးပေါင်းစစ်ဆင်ရေးများနဲ့အတူ စစ်မှုထမ်းလျက် ဆက်လက်ရှိနေမှာဖြစ်ကြောင်းကိုလည်း အခုလို ပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 

" လက်မောင်း ပတ်က PDF မဟုတ်ပါကြောင်းရှင်းပြခြင်း .....နွေဦးတော်လှန်ရေး အားပေးတာလည်း  အားပေးတာပေါ့ ညီအစ်ကို မောင်နှမများရေ PDF လား KNU လား လက်မောင်း ပတ်များကြည့်ပြီးအမှန်ခွဲခြားတတ်ပါစေ....။ငါတို့ တွေ အခုလိုတောခိုလာတုန်းက NUG အစိုးရတောင် မပေါ်သေးဘူး။ NUG အစိုးရ ပေါ်လာပြီးPDF ပြည်သူကာကွယ်ရေးတပ်မတော် ဖွဲ့စည်း နေချိန်မှာလည်း ငါတို့ ကရင်အမျိုးသားလွတ်မြောက်ရေး KNU-KNLA တပ်မဟာထဲမှာ စစ်မှုထမ်းနေဆဲပါပဲ။ အာဏရှင်ပြုတ်ကျရေး တော်လှန်ရေး အောင်မြင်တဲ့ အထိ KNU KNLA တပ်မဟာမှာပဲ ပူးပေါင်စစ်ဆင်ရေးများနဲ့အတူ စစ်မှုထမ်းလျက် ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ NUG နဲ့သော်လည်းကောင် PDF နဲ့သော်လည်း လင့်ချိတ်ဆက်မှုမရှိ ခြင်း ၊ တစ်ဆင့်လာရောက် ဆက်သွယ်မေးမြန်းခြင်းသည်းခံပေးပါ။ဘုန်းကြီးများ cb လာပြောရင် block ပါတယ် PDF အကြောင်း မေးရင် လုံးဝ မဖြေပါဘူး။ Please ဂျော့ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ လူထုတိုက်ပွဲတွေဟာ အရှိန်မြင့်လာပြီဖြစ်တဲ့အတွက် နောက်ဆုံးတိုက်ပွဲအတွက် ရန်သူကို အပြီးသတ်ချေမှုန်းဖို့လိုကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ အရေးတော်ပုံကြီးအောင်မြင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။