လေယာဥ်ပျက်ကျမှုမှာ သေဆုံးသွားတဲ့ စာသင်တိုက်မြေနေရာအလှူရှင် မိသားစုအတွက် သူတို့ရဲ့ နောက်ဆုံးပုံလေးတွေနဲ့အတူ ဆုတောင်းပေးခဲ့ကြတဲ့ ပြည်သူတချို့

//s9.kh1.co/a8/a8e5f9356e38e80a70a5d1c8584834bae23eacfc.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဇွန်လ (၁၀)ရက်နေ့က ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် နေပြည်တော်မှ ပြင်ဦးလွင်သို့ ထွက်ခွာလာတဲ့ တပ်မတော်လေယာဉ်တစ်စင်းဟာ ပျက်ကျခဲ့သွားခဲ့လို့ လိုက်ပါလာသူ (၁၂)ဦးမှာ (၂)ဦးသာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယင်း ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ပြင်ဦးလွင်မြို့နယ် ၊ သုံးထောင်ကျေးရွာအုပ်စု ၊ကျောက်ဖျားဒိုးကျေးရွာမှာ အသစ် ဆောက်လုပ်မယ့် မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပဖို့ သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လေယာဥ်ပျက်ကျမှုဖြစ်စဥ်မှာ သေဆုံးသွားခဲ့တဲ့ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက်ကြီးရဲ့ မြေနေရာအလှူရှင် မိသားစုလေးမှာ သား​လေးတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့တယ်လို့ သိရပါတယ်။ အလှူရှင်မိသားစု သေဆုံးသွားနဲ့ပတ်သက်ပြီး ပြည်သူတချို့က ဝေဖန်မှုတွေရှိနေကြသလို တချို့ကလည်း စိတ်မကောင်းဖြစ်ကြတာတွေ ရှိပါတယ်။ ယခုမှာလည်း ပြည်သူတစ်ဦးက လေယာဥ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ ဆရာတော်ကြီးတွေနဲ့ မြေအလှူရှင်မိသားစုအတွက် ဆုတောင်းပေးလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

"ကောင်းရာ ဘုံဘဝ ​​မြင့်မြတ်သော ဘုံဘဝ တွင်ဆရာတော်ဘုရားများ နှင့် အတူ နတ်ဘုံနတ်နန်း မှာ​စံမြန်း နိုင်ကြပါစေ....."ဆိုပြီး ရေးသားထားတာ တွေ့ရသလို အလှူရှင်မိသားစု မသေဆုံးခင်က ရိုက်ထားတဲ့အမှတ်တရ ပုံလေးတွေကိုလည်း မမြင်ဖူးတဲ့ ပြည်သူတွေပြန်လည်ကြည့်လို့ရအောင် ဖော်ပြထားတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ လေယာဥ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ အလှူရှင်မိသားစုအတွက် ဆုတောင်းပေးရင်း စိတ်မကောင်းစရာ နောက်ဆုံးပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T