ငွေကြေးကိစ္စလုံးဝမကုန်ခဲ့ဘဲ သမီးလေးပြန်လွတ်လာလို့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေတဲ့ အေသင်ချိုဆွေရဲ့မိခင်

//s9.kh1.co/74/74ea76431918127298f8b5fbf7b6c07c422815cb.jpeg
အနုပညာရှင်များ

 ၁၁-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ငွေကြေးကိစ္စလုံးဝမကုန်ခဲ့ဘဲ သမီးလေးပြန်လွတ်လာလို့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေတဲ့ အေသင်ချိုဆွေရဲ့မိခင်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ လက်ရှိအခြေအနေရဲ့ အစ ဖေဖော်ဝါရီလကတည်းက တတ်နိုင်တဲ့နေရာကနေ ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။အေသင်က သမီးလေးတစ်ဖက်နဲ့ပဲ လူထုလှုပ်ရှားမှုတွေကိုလည်း လိုက်ပါခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ သူမကို ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။မေလ (၂၃)ရက်နေ့၊ညနေပိုင်းမှာ သူမကို လာရောက်ဖမ်းဆီးသွားကြတယ်လို့ မိသားစုဝင်တွေဆီမှ သိရပါတယ်။

Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 

အေသင်ချိုဆွေရဲ့ တစ်ဦးတည်းသောသမီးလေး အိုင်ဗီလေးကတော့ မေမေမရှိတဲ့အချိန်မှာ အဘွား၊အဒေါ်တို့နဲ့သာနေရတာဖြစ်ပါတယ်။အေသင်တို့သားအမိနှစ်ယောက်ကို ချစ်ကြတဲ့ပရိသတ်တွေကလည်း သူမတို့အတွက် စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဖမ်းဆီးခံထားချိန်မှာ သူမကို စစ်ဆေးမေးမြန်းပေမယ့် ညှင်းပန်းနှိပ်စက်မှုတွေလည်း မရှိကြောင်းသိရပါတယ်။ဒီနေ့မှာတော့ အေသင်ပြန်လွတ်လာပြီဖြစ်လို့ မိသားစုဝင်တွေကလည်း ဝမ်းသာပျော်ရွှင်နေကြတာဖြစ်ပါတယ်။

Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 

အိုင်ဗီလေးဆိုရင် မေမေနဲ့ခွဲနေရတာကြာနေပြီဖြစ်လို့ အခုတော့ မိခင်အနားမှာပဲကပ်နေတာဖြစ်ပါတယ်။အေသင်ချိုဆွေရဲ့ မိခင်ကတော့”ချစ်တဲ့ပရိတ်သတ်အပေါင်းတို့ရဲ့ ဆုတောင်းမေတ္တာ ပြည့်ဝခဲ့ပါပြီ ... သမီး အေသင်ချိုဆွေအိမ်ပြန်ရောက်ပြီး Ivy လေးနဲ့အမေ့အိမ်မှာ အတူရှိနေပါပြီ... ဆုတောင်းပေးကြသော တစ်ယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါရစေရှင့်.. စာကြွင်း - ငွေကြေးကိစ္စလုံးဝ မကုန် မပေးရပါကြောင်း... ပေးစရာလည်းမရှိပါကြောင်း.. “ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 
Photo Credit:Swe Swe’s Facebook Acc 

Source&Photo Credit:Swe Swe’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T