ကလေးမွေးထားတာ တစ်ပတ်ပဲရှိပြီး စားဖို့ဆန်တောင်မရှိတော့လို့ ခက်ခဲနေတဲ့ မိခင်တစ်ဦးအတွက် ငွေကြေးလှူဒါန်းပေးခဲ့တဲ့ စူးရှထက်

//s9.kh1.co/f3/f38c2ba2e34ebbffcc8bc6dd32085ee9dd024ed6.jpeg
အနုပညာရှင်များ

 ၁၁-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.....

စူးရှထက်ကတော့ ခုလတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့အထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေကို အားတတ်သရော ပြုလုပ်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင် အစားအသောက်များကို ကိုယ်တိုင်ချက်ပြုတ်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအပြင် ညကင်းစောင့်တဲ့ သူရဲကောင်းတွေကိုလည်း လိုက်ဝေငှလှူဒါန်းရင်း ရရာနေရာကနေ တတ်နိုင်သလောက် ကူညီအားဖြည့်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Zar Chi Facebook Page 
Photo Credit : Zar Chi Facebook Page 

ခုလို အရာရာ ခက်ခဲလွန်းတဲ့ တော်လှန်ရေး ကာလကြီးမှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေကို သူမရဲ့ ချွေးနည်းစာလေးနဲ့ လိုအပ်တာမှန်သမျှကို တတ်နိုင်သလောက် ထောက်ပံ့ဝေမျှပေးခဲ့တာကြောင့် အားလုံးက လေးစား ချစ်ခင်နေရတာပါ  ။ သူကိုယ်တိုင်လည်း ချွေတာကာ အင်တိုက်အားတိုက် လှူဒါန်းခဲ့ပြီး ကိုယ်ကျိူးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်လည်းဖြစ်ပါတယ် ။

Photo Credit : Zar Chi Facebook Page 
Photo Credit : Zar Chi Facebook Page 
Photo Credit : Zar Chi Facebook Page 
Photo Credit : Zar Chi Facebook Page 

မကြာခင်နာရီပိုင်းလောက်ကလည်း သူမရဲ့ပို့စ်အောက်မှာ လာရောက်အကူအညီတောင်းခံထားတဲ့ ကလေးမိခင်တစ်ဦးကို တတ်နိုင်သလောက် အလှူငွေ (၅၀၀၀၀) လှူဒါန်းဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။  အလှူခံသူမှာ ဆင်းရဲချို့တဲ့ ပြီး အစားလည်း ပုံမှန်မစားနိုင်လို့ နို့မထွက်တာကြောင့် ကလေးဖြစ်သူကို နို့မှုန့်လေး ဝယ်ပေးချင်လို့ အလှူခံရခြင်းဖြစ်ကြောင်း စူးရှထက်ရဲ့ ပို့စ်လေးမှာ ရေးသားခဲ့တာတွေ့ရပါတယ် ။ စူးရှထက်ရဲ့ စိတ်ထားလေးကို လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Zar Chi Facebook Page 
Source & Photo Credit : Zar Chi Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T