မြန်မာ့အရေးကိုကူညီပေးတဲ့အပြင် သူ့ကိုအားပေးတဲ့ Fan တွေအတွက် မြန်မာလိုကြိုးစားပမ်းစားပြောပြလာတဲ့ တောင်ကိုရီးယားအနုပညာရှင်တစ်ဦး

//s9.kh1.co/44/44ed1c99b315e857a7eed63fd269c1ea81711c42.jpg
အနုပညာရှင်များ

 ၁၁-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာ့အရေးကိုကူညီပေးတဲ့အပြင် သူ့ကိုအားပေးတဲ့ Fan တွေအတွက် မြန်မာလိုကြိုးစားပမ်းစားပြောပြလာတဲ့ တောင်ကိုရီးယားအနုပညာရှင်တစ်ဦး

တောင်ကိုရီးယားနိုင်ငံကတော့ မြန်မာနိုင်ငံက ပြည်သူတွေကို ရရာနည်းလမ်းနဲ့ အစွမ်းကုန် အားပေးကူညီနေကြတာ ဖြစ်ပါတယ် ။ သူတို့က မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေကို စာနာနားလည်ပေးတဲ့အပြင် လူထုလှုပ်ရှားမှုတွေမှာပါ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးနေတာ ဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံက Model ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Lee Seo Ho ကလည်း မြန်မာ့အရေးမှာ ကူညီနေသူတစ်ဦး ဖြစ်ပါတယ်။

Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page

Lee Seo Ho က တောင်ကိုရီးယားရောက် မြန်မာတွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင် ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ပေးသလို Social Media ကတစ်ဆင့် မြန်မာ့အရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားပေးနေတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် မြန်မာပြည်သူတွေကလည်း စိတ်သဘောထားကောင်းတဲ့ Lee Seo Ho ကို အားပေးချစ်ခင်ပြီး ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page

အခုလည်း Lee Seo Ho က သူ့ကိုအားပေးတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် မြန်မာလိုနှုတ်ဆက်စကား ပြောထားတာ ဖြစ်ပါတယ် ။ Lee Seo Ho က မြန်မာပရိသတ်တွေကို သူ့အနေနဲ့ ကျေးဇူးတင်ပြီး အရမ်းချစ်ကြောင်းကို မြန်မာလိုပြောထားတာ ဖြစ်ပါတယ် ။ မြန်မာဘာသာစကားကို ကြိုးစားပမ်းစားပြောပြီး ပရိသတ်တွေကို နှုတ်ဆက်ထားတဲ့ တောင်ကိုရီးယား Model Lee Seo Ho ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Lee Seo Ho's FB Page

Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Photo Credit-Lee Seo Ho's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T