မိသားစုတကွဲတပြားနဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားနေရတဲ့ စစ်ဘေးရှောင်အဖိုးတစ်ယောက်ရဲ့ ရင်နာစရာအဖြစ်တွေကို ပြောပြလာတဲ့ ဒေါက်တာမလေး

//s9.kh1.co/41/413b155c4d3b574fd2af83ade0ee7aa8777938a6.jpeg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိအခြေအနေတွေကြောင့် ပြည်သူတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်သူတွေမှာ စစ်ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာလည်း တော်တော်များများပါပဲ..။

အခုလိုမိုးရာသီမှာ မိုးထဲလေထဲ တောထဲတောင်ထဲမှာ စစ်ရှောင်ရင်း အသက်ရှင်နိုင်ဖို့အတွက် ရသလိုလေး မသေရုံတမယ်ကြိုးစားနေကြသူတွေရှိသလို တစ်ရွာပြီး တစ်ရွာပြောင်းပြေးနေကြရတဲ့ ပြည်သူတွေလည်း ရှိပါတယ်..။

Photo Credit - A Nyein's Fb Acc<br>
Photo Credit - A Nyein's Fb Acc

ကျန်းမာရေးကုသမှုတွေကအစ အစစအရာရာ တတ်နိုင်သလောက် ကူညီပေးနိုင်ဖို့အတွက် စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူတွေဆီ ရောက်ရှိနေတဲ့ ဒေါက်တာမလေးကလည်း ပြည်သူတွေကြုံတွေ့ခံစားနေကြရတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေကို ပြောပြလာပါတယ်..။

အိုးပစ်အိမ်ပစ် မိသားစုတကွဲတပြားနဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားနေရတဲ့ စစ်ဘေးရှောင်အဖိုးတစ်ယောက်ရဲ့ ရင်နာစရာအဖြစ်တွေကို စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - A Nyein's Fb Acc
Photo Credit - A Nyein's Fb Acc
Photo Credit - A Nyein's Fb Acc
Photo Credit - A Nyein's Fb Acc

"သူကဆရာဝန်လေ လို့မိတ်ဆက်ပေးတော့

အော်ဆိုပြီး ပြုံးတယ်

တကယ်ဆရာဝန်လား လို့မေးတော့

တကယ်ပေါ့အဘရဲ့ အတုထင်လို့လားဆိုတော့ 

ရယ်တယ်

ကျွန်တော် လူနာကြည့်နေရင် 

မလှမ်းမကမ်းကနေ ရပ်ရပ်ကြည့်နေတတ်တယ်

ကျွန်တော်ရှိတဲ့နေရာကိုခဏခဏလာတတ်တယ်

အဘပြောစရာရှိလို့လားမေးရင်

မျက်လုံးလေးတွေဝိုင်းသွားပြီးမှ

သက်ပြင်းချပြီး ခေါင်းခါပြတတ်တယ်

ရင်ထဲမှာတော့တခုခုရှိနေပုံပေါ်တယ်

နောက်မှသိရတာက 

အဘက မင်းတပ်တိုက်ပွဲတွေမစခင်လေး 

အဲ့ကနေ မြစ်ကြီးနားက သားဆီအလည်သွားသတဲ့ 

အပြန်ကျ အဘစီးလာတဲ့ကားအဖမ်းခံရပါလေရော အကြောင်းအရင်းက လူငယ်တွေများလို့တဲ့

ဖမ်းထားတဲ့ယောကျာ်းတွေအကုန် လုံး အဘအပါ အားလုံးကို အင်္ကျီချွတ်ပြီး ဒူးထောက်ခိုင်းတယ် ပြီးရေနဲ့ပက်တယ်တဲ့

တခြားလူငယ်တွေကိုတော့ ရိုက်တယ် သူ့ကိုတော့မရိုက်ဘူးတဲ့ 

သူ့အိတ်ထဲက သူ့သားကန်တော့လိုက်တဲ့ပိုက်ဆံတွေအကုန်ယူသွားတယ်တဲ့

Phပါယူမယ်လုပ်တော့ အဘက ဒါလေးတော့မယူပါနဲ့လို့တောင်းပန်တော့ လက်က်ိုပုတ်ချတယ် 

အဘိုးကြီး အသားနာချင်နေသလားလို့မေးတယ်တဲ့

နောက် အထက်အရာရှိတယောက်ရောက်လာတော့ မင်းတို့ ဒီလောက်အသက်ကြီးတဲ့အဘိုးကြီးကိုတော့မဖမ်းပါနဲ့ကွာ ပြန်လွှတ်ပေးလိုက်ပါလို့ ပြောလို့ ပြန်လွတ်လာသတဲ့

သူ့phလေးပြန်ပေးဖို့ပြောတော့ အဲ့အရာရှိကပဲ သိမ်းသွားတဲ့သူဆီကတောင်းပေးတယ်

နောက်ပခုက္ကူလ်ိုင်းကားပေါ်တင်ပေးတယ်တဲ့ကားဆရာကို သူသွားချင်တဲ့နေရာထိ ရောက်အောင်ပို့ပေးလိုက်ပါဆိုပြီးအပ်ပေးလိုက်တယ်တဲ့

အဘက အဲ့ကတည်းက စကားသိပ်မပြောတော့ဘူး အစားလည်း သိပ်မစားတော့ဘူး

ညဘက်ဆိုလည်း မအိပ်ဘူးတဲ့

တနေရာရာက အသံတခုခုကြားရင် စစ်သားတွလာနေပြီ ပြေးကြစို့ဆိုပြီး အထုပ်တွေသိမ်းတော့တာပဲတဲ့

သူ့သမီးပြောပြတဲ့အဘအကြောင်း

Post Traumatic stress disorder 

Memories of trauma ကြောင့်

အဲ့ကတည်းက အဘက ကျွန်တော့်ဆီလာတာ ကျွန်တော်မစောင့်တော့ဘူး

ကျွန်တော်က အဘဆီသွားတယ် 

စကားတွေပြောတယ်

သူပြောတာတွေနားထာင်ပေးတယ်

ကျွန်တော် အပြင်သွားရင်အဘကိုခေါ်သွားတယ်

နေသာတဲ့နေ့တွေ အဘငါးသွားဖမ်းရအောင်လို့ပြောရင် ပြုံးသွားတယ်

ပြီးအထဲဝင်သွားတယ်

အဘသွားမယ်လေ ဘာလုပ်နေတာလဲဆို ပလိုင်းယူနေတာ မိတဲ့ငါးတွေထည့်ဖို့တဲ့

အဘက ကလေးလိုပဲ ကန်ထဲက ငါးဖမ်းတဲ့သူတွေကပစ်ပေးလိုက်တဲ့ငါးတွေကို အပြေးအလွှားလိုက်ဖမ်းပြီး ပျော်နေတတ်တယ်

အဲ့ရက်ပိုင်းတွေကောင်းကောင်းအိပ်ပျော်တယ်

ကောင်းကောင်းလည်းစားတယ်တဲ့

တရက်ကျ အဘကကြက်သားစားချင်တယ်လို့ပြောတယ်

အဘစားချင်ရင်ရစေရမယ်ဆိုပြီး ကျွန်တော်လည်း တရွာဝင်တရွာထွက်လိုက်ရှာတာ မနက် ၁၀ နာရီက သွားတာ ညနေ၅နာရီမှပဲပြန်ရောက်တယ်

ကင်ပြီးကျွေးတော့ အားရပါးရစားရှာတယ် အသားမစားရတာကြာပြီတဲ့

တခါတလေ ပျောက်ပျောက်သွားလို့ ဘယ်ရောက်နေလဲမေးရင် 

မင်းတပ်ကို သွားကြည့်တာတဲ့

ကျွန်တော်တို့နေတဲ့နေရာက မင်းတပ်ကို လှမ်းမြင်ရတာကိုး ဟိုဘက်တောင်ကြော ဒီဘက်တောင်ကြောဆိုတော့

မင်းတပ်ကို ပြန်ချင်တယ်ဆရာမတဲ့ 

ပြန်ရမှာပေါ့အဘရယ် ကျွန်တော်လိုက်ပို့ပေးမှာပေါ့လို့ပြောရင် 

ပြုံးသွားတတ်တယ်

ဒါတွေအားလုံးပြီးရင် ဆိုတဲ့စကားကိုတော့ ကျွန်တော်မပြောဖြစ်လိုက်ဘူး

ဘယ်တော့ပြီးမလဲ လို့ပြန်မေးလာခဲ့ရင် ကျွန်တော့်မှာအဖြေမရှိလို့

ဘာပဲဖြစ်ဖြစ် ပြန်ရမယ်ဆိုတဲ့အတွေးနဲ့ပဲ ပျော်နေတာကောင်းပါတယ်

ကျွန်တော်ပြောဖူးတယ် ဒီနေရာလေးမှာတော့

ကျွန်တော်က physician

ကျွန်တော်ကပဲsurgeon

ပြီးတော့ ကျွန်တော်ကပဲ psychiatrist ပါ.." ဆိုပြီး ဒေါက်တာA Nyein က စိတ်မကောင်းစွာ ပြောပြထားတာပါ..။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ဒုက္ခတွေကိုလည်း စာနာ နားလည်စွာနဲ့ ပြည်သူတွေအားလုံးကလည်း စိတ်မကောင်းဖြစ်ကာ အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - A Nyein's Fb Acc
Photo Credit - A Nyein's Fb Acc

သတင်း အရင်းအမြစ်A Nyein's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T