လက်နက်ကိုင်တပ်တွေ ကင်းပတ်နေတဲ့ကြားကနေ မိုးရွာထဲမှာပြေးရင်းလွှားရင်းဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ မိုးကောင်းပြည်သူများရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/fb/fb80ec53cbd4290165b2a916fa123205a48c3860.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကိုအဆုံးထိတော်လှန်နေကြတာဖြစ်ပါတယ်။ ပြည်သူတွေဘက်က အခုလို ဆန္ဒပြသပိတ်တွေထွက်ကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDFတွေဖွဲ့စည်းပြီးတော့လည်း စစ်အာဏာရှင်တွေကိုတော်လှန်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ခုချိန်မှာ ပြည်သူအားလုံးက ပန်းတိုင်တစ်ခုတည်းကို လျှောက်လှမ်းနေတဲ့ ရင်ဘတ်ချင်း တူညီကြသူတွေမို့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ လုပ်နိုင်တာ မှန်သမျှဆောင်ရွက်နေကြတာပါ။ ယနေ့မှာဆိုရင်လည်း မိုးသည်းသည်းမည်းမည်းရွာနေတဲ့ကြားကနေ မိုးကောင်းမြို့ကပြည်သူတွေက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကင်းပတ်နေတဲ့ကြားက မိုးကာလေးတွေကိုယ်စီ၀တ်ကာ ပြေးရင်းလွှားရင်းဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေရဲ့သတ္တိကတော့လေးစားစရာပါပဲ ....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီသပိတ်စစ်ကြောင်းမှာဆိုရင် အမျိုးသမီးအများစုပါ၀င်ကြပြီး လမ်းသွယ်လေးတွေကနေတစ်ဆင့် ဆိုင်းဘုတ်ကိုင်ကာ ကြွေးကြော်ကြရင်းဆန္ဒဖော်ထုတ်နေကြတာပါ။ ဒီဗီဒီယိုလေးက လူမှုကွန်ယက်စာမျက်နှာမှာ ချက်ချင်းပျံ့နှံ့လာခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T