အာဏာသိမ်းစစ်အုပ်စုက ထားဝယ်တွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ဆေးကုသရေးလုပ်ငန်းများကို ရပ်ဆိုင်းရန် ပြောကြား

//s9.kh1.co/e3/e35f51cd9256246863da2bde318e1bcd05d85564.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

အာဏာသိမ်းစစ်အုပ်စုက ထားဝယ်တွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ဆေးကုသရေးလုပ်ငန်းများကို ရပ်ဆိုင်းရန်ပြောကြားခဲ့ခြင်းသည် HIV နှင့် TB ရောဂါကူးဆက်မှုကိုခံစားနေရသော လူနာများ၏ အသက်ကို ခြိမ်းခြောက်လိုက်ခြင်းပင်ဖြစ်သည်ဟု နိုင်ငံတကာပရဟိတဆေးကုသသည့်အဖွဲ့က ဗုဒ္ဓဟူးနေ့ (ဇွန် ၉) တွင် သတိပေးပြောကြားခဲ့ပါတယ်။ MSF ဟုလူသိများသည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့သည် ထားဝယ်မြို့တွင် နှစ် နှစ်ဆယ်နီးပါးလုပ်ဆောင်နေသည့် HIV ရောဂါသည်များကို ကူညီစောင့်ရှောက်သည့် ဆေးကုသရေးဆိုင်ရာလုပ်ငန်းများကို ရပ်တန့်ပေးရန် တောင်းဆိုထားသည့် စာတစ်စောင်ကို စစ်အာဏာပိုင်များထံမှ လက်ခံရရှိခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ကြေညာချက်တွင် “ယခုကဲ့သို့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ ဆိုးဝါးစွာ အလျဉ်ပြတ်နေစဉ်တွင် MSF ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို ရပ်တန့်ပေးရန်တောင်းဆိုခြင်းသည် လူနာများစွာ၏အသက်ကို ခြိမ်းခြောက်ခြင်းပင်ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။ ဖေဖေါ်ဝါရီတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆရာဝန်များက သပိတ်မှောက်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ရာမှ ပြည့်သူ့ဆေးရုံးအားလုံးနီးပါး ပိတ်ခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာလည်း ရပ်တန့်ခဲ့ရတာကို ပြည်သူတွေလဲသိရှိကြမှာပါ။ နယ်စည်းမခြားဆရာဝန်များအဖွဲ့သည် အာဏာသိမ်းပြီးကတည်းက တိုင်းပြည်၏ ယိမ်းယိုင်ထစ်ငေါ့လာနေသည့် TB ရောဂါ ကုသရေးအစီအစဉ်များ၏လစ်ဟာမှုများကြောင့် TB ရောဂါဖြစ်ပွားမှုအပါအဝင် ရောဂါကူးဆက်ပြန့်နှံ့မှု အန္တရာယ်မြင့်မားနေကြောင်းကိုပါ ကြေညာချက်တွင် ထည့်သွင်းသတိပေးခဲ့ပါသေးတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇာတိမြို့ဖြစ်သော ထားဝယ်တွင် ယခု ချမှတ်လိုက်သော အမိန့်ကို အာဏာပိုင်များက ပြန်လည်ရုတ်သိမ်းပေးဖို့ကိုပါ MSF က တောင်းဆိုခဲ့ပါတယ်။ အရပ်သားအစိုးရကို အဏာသိမ်းဖြုတ်ချပြီးကတည်းက ထားဝယ်မြို့တွင် နေ့စဉ် ဆန္ဒပြလှုပ်ရှားမှုများရှိခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ လူမဆန်စွာဖြိုခွင်းနှိမ်နှင်းမှုများကိုလည်း ခံခဲ့ရပါသေးတယ်။ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့၏အဆိုအရ ဖေဖေါ်ဝါရီကစပြီး နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြမှုများကို ဖြိုခွင်းခံရမှုကြောင့် သေဆုံးသူ ၈၀၀ ကျော်ခဲ့ပြီဖြစ်ပါသည်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

သတင်း အရင်းအမြစ်THE STRAITS TIMES

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T