အသက်နဲ့ခန္ဓာပေးဆပ်ထားတဲ့အပြင် မိသားစုဘဝကိုပါရင်းထားရတဲ့ လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ တော်လှန်ရေးရဲဘော်တစ်ဦး

//s9.kh1.co/ad/ad94150708cf92f0d83f39a5aabfb28153f2ff33.jpeg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ဖေဖော်ဝါရီလ ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာတော့ မျိုးဆက်သစ်လူငယ်တွေက ဦးစီးဦးဆောင်နဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်..။

တဖြေးဖြေးဆိုးရွားလာတဲ့ ပြည်တွင်းရေးအခြေအနေတွေကြောင့် လူငယ်တော်တော်များများဟာ တောထဲတောင်ထဲ စစ်ပညာသင်ကြားနေပြီး အရေးတော်ပုံကြီးအောင်မြင်ဖို့ ကြိုးစားနေကြသလို တောင်တန်းဒေသတွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc

အသက်နဲ့ခန္ဓာပေးဆပ်ထားတဲ့အပြင် မိသားစုဘဝကိုပါရင်းထားရပြီး ပြည်သူတွေအတွက် တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ ရဲဘော်တစ်ဦးက သူတို့ရဲ့ လက်ရှိအခြေအနေတွေကို ပြောပြလာပါတယ်..။

အခက်အခဲတွေကြားကနေ အားတင်းကြိုးစားနေကြတဲ့ ပြည်သူ့ရဲဘော်တွေကတော့ လက်နက်အင်အား မမှပေမယ့် ပြည်သူတွေရဲဆုတောင်းသံတွေနဲ့ မှန်ကန်တဲ့လျှောက်လှမ်းတွေမှာ အားမလျော့ သွေးမအေးသွားဘဲ အဆုံးထိ တော်လှန်ကြိုးစားနေမယ့် အကြောင်းတွေ ပြောပြထားတာပါ..။

Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc

"ရောင်နီလာပြီ ?

မကြာခင်မြို့ပေါ်မှာရှိတဲ့ PDFတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတပ်တွေပေါင်းပြီးမြို့ပြတိုက်ပွဲတွေဆင်နွှဲရတော့မယ်၊PDFတပ်တွေနဲ့ပေါင်းပြီးတိုက်ဖို့လည်းအထက်ကစာတွေအသီးသီးကိုရောက်လာပြီးပြီ၊ခုဆို တစ်ချို့နေရာတွေမှာပူးပေါင်းပြီးတိုက်နေကြပြီ။

ပြည်မကပြည်သူတွေရဲ့မျက်ရည်တွေနဲ့အပြိုင်ရွှာသွန်းနေတဲ့မိုးကိုအံတုပြီးတိုက်နေရတဲ့စစ်...

ပြည်မကပြည်သူတွေရဲ့ဒေါသမုန်တိုင်းနဲ့အပြိုင်တိုက်ခတ်နေတဲ့လေကြမ်းတွေကိုအံတုပြီးတိုက်နေရတဲ့စစ်..

NUG ဘာလဲ၊ဘယ်လဲတော့ငါမသိဘူး

ငါသိတာငါပြည်သူတွေလွှတ်မြောက်ဖို့နဲ့ငါနိုင်ငံတော်ကြီးအေးချမ်းဖို့ပဲ...

ခုငါတိုက်နေတာ NUGအတွက်မဟုတ်ဘူး၊CRPHအတွက်လည်းမဟုတ်သလိုNLDအတွက်လည်းမဟုတ်ခဲ့ဘူး၊ငါတို့ပြည်သူလွတ်မြောက်စေဖို့ဆိုတဲ့ခံယူချက်တစ်ခုတည်းနဲ့တိုက်နေတာ...

လက်နက်အင်အားမမျှဘူး၊ ဒါပေမဲ့ငါတို့မှာ ကြီးမားသော ဆုတောင်းပေးနေတဲ့ပြည်သူတွေအများကြီးရှိတယ်၊ ငါကြားဖူးတာတစ်ခုရှိတယ် မေတ္တာဆိုတာဆူးတယ်တဲ့ ငါလက်ခံတယ် ဘယ်လောက်ပဲအင်အားကြီးကြီး ယုံကြည်မှုမရှိရင်အလကားပဲ..

ကိုယ်စိတ်နှလုံးသားကို ကိုယ်ကိုယ်တိုင်ရိုက်ချိုးမှကျိုးမှာ၊ငါနှလုံးသားပြင်းထန်နေသ၍ မင်းတို့ဘယ်လောက်ပဲရိုက်ချိုးချိုး ငါမကျရှုံးဘူး..

ကိုယ်ကြိုက်တဲ့လမ်းကို ကိုယ်ရွေးချင်ခွင့်ရှိတယ် ဒါပေမယ့် ဓမ္မနဲ့အဓမ္မကိုတော့ခွဲခြားသိမြင်တက်ပါစေ၊ငါရွေးချယ်ခဲ့တဲ့လမ်းကမှန်ကန်ခဲ့လို့ငါလိပ်ပြာလုံတယ်..

စစ်ဆိုတာကလေးကစားတာမဟုတ်ဘူး အသက်လည်းအပိုမပါဘူး ဒီလမ်းကိုရွေးချယ်ခဲ့လို့အလကားလို့တော့မထင်လိုက်နဲ့ အသက်နဲ့ခန္ဓာပေးဆပ်ထားပြီးအပြင်နောက်ကမိသားစုဘဝကိုပါရင်းထားရတာ...

မင်းတို့ပြောဖူးတဲ့စကားအတိုင်းပဲပြောလိုက်မယ်... 

" ဘယ်ကောင်သေရဲလဲ သေရဲတဲ့ကောင်တက်လာခဲ့ " ငါတို့လက်ညိုးကွေးဖို့အဆင်သင့်ပဲ...?

ဒါကြောင့်

           ငါတို့အတွက်ရောင်နီ

           မင်းတို့အတွက်မှောင်ပြီ

SaiNayLin 

လွတ်မြောက်နယ်မြေတစ်နေရာမှ.." ဆိုပြီး သူတို့ရဲ့ မြေပြင်အခြေအနေတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

ခိုင်မာပြတ်သားပြီး အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ပြီး ကြိုးစားတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် ပြည်သူတွေအားလုံးကလည်း လှိုက်လှိုက်လှဲလှဲနဲ့ လေးစားဂုဏ်ပြုရင်း ဆုတောင်းပေးထားကြပါတယ်..။

Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc
Photo Credit - Than Lin Zaw's Fb Acc

သတင်း အရင်းအမြစ်Than Lin Zaw's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T