လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးကို ဂျပန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အောင်မြင်စွာ အဆိုတင်သွင်းနိုင်ခဲ့တဲ့ ဂျပန်အမတ်ကြီး Ishibashi Sensei

//s9.kh1.co/1d/1d496b3910a243e6b04a62a37fe79b438dbcf259.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ ကျင်းပတဲ့ ဂျပန်အထက်လွှတ်တော် ပုံမှန်အစည်းဝေးပွဲတစ်ရပ်မှာ မြန်မာပြည်သူကို ကူညီလုပ်ဆောင်ပေးနေတဲ့ ဂျပန်အမတ်ကြီး Ishibashi Sensei က ဂျပန်ကွန်မြူနစ်ပါတီ အပါအဝင် အတိုက်အခံပါတီ အမတ်တွေကိုယ်စား လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့အတွက် အဆိုများတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဂျပန်အမတ်ကြီး Ishibashi Sensei ရဲ့ အဆိုတင်သွင်းချက်တွေကတော့ စစ်အာဏာသိမ်းမှု စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူတွေအပေါ် ဥပဒေမဲ့ ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုတာတွေ ချက်ချင်းရပ်ဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရသူ နိုင်ငံရေးသမားတွေကို ချက်ချင်းလွှတ်ပေးဖို့ ၊ မြန်မာစစ်တပ်ကို လက်နက်တင်သွင်း ရောင်းချမှုတွေကို ပိတ်ဆို့ဖို့၊ တိုင်းရင်းသားဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေကို အရေးတကြီး ကူညီထောက်ပံ့ဖို့ နဲ့ မြန်မာပြည်မှာ ဒီမိုကရေစီပြန်လည် အကောင်ထည်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ အတူတကွ ဆောင်ရွက်ပေးဖို့အေကြာင်းတွေကို အချက်ကျကျ တင်သွင်းသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ယင်းအဆိုပြုချက်တွေကို လွှတ်တော်ဥက္ကဋ္ဌ က မဲခွဲဆုံးဖြတ်ပြီး အထက်လွှတ်တော် အမတ်အားလုံးဟာ တညီတညွတ်တည်း အကုန်မတ်တပ်ရပ်ပြီး ထောက်ခံကြခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး Mr.Moteki က စစ်တပ်နဲ့ရဲက ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းနေတာတွေ အမြန်ဆုံးရပ်တန့်ဖို့ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်အမြန်ဆုံးလုပ်ဆောင်ဖို့ အပြင်းထန်တောင်းဆိုသလို အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံများနဲ့ အတူတကွလုပ်ဆောင်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်ထူထောင်ဖို့ အဆိုတင်သွင်းမှုဟာ ဂျပန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အောင်မြင်စွာ ဆုံးဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T