မိုးတွေသည်းနေတာတောင် မမှုဘဲ ဇာတိသွေးတက်ကြွစေမယ့် သီချင်းတွေကို အားမာန်အပြည့်နဲ့ သီဆိုနေကြတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/89/8946e817bb978ea1a5bebe192affd17002f1d7bd.jpeg
အနုပညာရှင်များ

 ၁၂-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဟားငါးကောင်လူရွှင်တော်အဖွဲ့ကတော့ ပရိသတ်တွေကို ဟာသပြက်လုံးများကြိုးစားရှာဖွေပြီး အမြဲပျော်ရွှင်ရယ်မောရအောင်လုပ်ပေးခဲ့ကြသူများ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတွင် စစ်သင်တန်းတက်ရောက် သင်ကြားနေပြီပဲ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကတော့ လေးစားဂုဏ်ယူစရာပါပဲ။

Photo Crd-ပိုးလေး အဖာစနာဆရာကြီး‘a Facebook Account 

အခြေအနေအရပ်ရပ်ကြောင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပေမယ့်လည်း အချိန်ရတဲ့အခါတိုင်း ပရိသတ်တွေကို ဟာသဗီဒီယိုဖိုင်လေးတွေ မကြာခဏ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကို သွေးမအေးသွားကြရအောင်လည်း စိတ်ဓာတ်တက်ကြွစေမယ့် သီချင်းများ သီဆိုနေကြတာကိုလည်း အားတက်ဖွယ်မြင်တွေ့ကြရမှာပါ။ မနေ့ညက ဟာသလူရွှင်တော် ပိုးလေးရဲ့ လူမှုကွန်ယက်တွင် မိုးတွေ ရွာနေတာတောင် မမှုဘဲဇာတိသွေးတက်ကြွစေမယ့် သီချင်းတွေကို အားမာန်အပြည့်နဲ့ သီဆိုနေကြတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ ဗီဒီယိုဖိုင်ကိုဝေမျှပေးထားတာ ဖြစ်ပါတယ်။

Photo Crd-ပိုးလေး အဖာစနာဆရာကြီး‘a Facebook Account 
Photo Crd-ပိုးလေး အဖာစနာဆရာကြီး‘a Facebook Account 
Photo Crd-ပိုးလေး အဖာစနာဆရာကြီး‘a Facebook Account 
Photo Crd-ပိုးလေး အဖာစနာဆရာကြီး‘a Facebook Account 
Photo Crd-ပိုးလေး အဖာစနာဆရာကြီး‘a Facebook Account 
Photo Crd-ပိုးလေး အဖာစနာဆရာကြီး‘a Facebook Account 

သူတို့အဖွဲ့ကတော့ တာလပတ်မိုးထားတဲ့ အိမ်လေးမှာ အခက်အခဲတွေများစွာနဲ့ နေထိုင်နေကြရပေမယ့်လည်း  တော်လှန်ရေးတိုက်ပွဲများအတွက် အဆင်မပြေမှုမှန်သမျှကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာလည်း သူတို့တစ်ဖွဲ့လုံး ဘယ်တော့မှ သွေးမအေးကြောင်းနဲ့ ဟားငါးကောင်သမိုင်း ဘယ်တော့မှ မရိုင်းစေရဘူးဆိုပြီးလည်း ကြွေးကြော်ထားပါသေးတယ်။ အရေးတော်ပုံအောင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကြိုးစားပေးနေတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-ပိုးလေး အဖာစနာဆရာကြီး‘a Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T