နေစရာအိမ်မရှိလို့ လမ်းဘေးမှာကြက်ခြင်းလေးတွေခင်းကာ အမိုးမိုးပြီးနေရတဲ့မိသားစုအတွက် တတ်နိုင်သရွေ့ကူညီပေးခဲ့တဲ့ အလှူရှင်တစ်ဦး

//s9.kh1.co/94/949851bd35d09c3e62d46a99b30ce605ab674ae7.jpg
နေ့စဉ်သတင်းများ

 ၁၂-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ပြည်သူအတော်များများလည်း စား၀တ်နေရေးကြပ်တည်းမှုတွေရှိလာနေတာဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာလည်း စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်ရင်းဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေရှိသလို ပြည်မဘက်မှာလည်း စား၀တ်နေရေးကြပ်တည်းမှုတွေကြောင့် ဒုက္ခရောက်နေကြရတဲ့ အောက်ခြေလူတန်းစားတွေလည်း ရှိလာနေတာတွေ့ရပါတယ်။

Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc

မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အောက်ခြေလူတန်းစားတွေအနေနဲ့ အလုပ်အကိုင်ရှားပါးလာနေပြီး ကြုံသလိုလေးနေထိုင်စားသောက်နေရတဲ့ အခြေအနေတွေကိုရောက်လာနေတယ်လို့သိရပါတယ်။ ရန်ကုန်မြို့ကြီးမှာလည်း စီးပွားရေးကြပ်တည်းနေတဲ့ပြည်သူတွေများလာနေကာ အလှူရှင်တွေအနေနဲ့လည်း တတ်အားသရွေ့ကူညီပေးနေကြတာဖြစ်ပါတယ်။ ယနေ့မှာဆိုရင်လည်း ပြည်သူတစ်ဦးက ရန်ကုန်ကြက်ဘဲဈေးနားမှာ နေစရာတောင်မရှိဖြစ်နေတဲ့ မိသားစုတစ်စုအတွက် သွားရောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc

အလှူရှင်က သူမရဲ့ Facebookစာမျက်နှာမှာ "သူတို့မိသားစုသုံးယောက်က ကြက်ဘဲဈေး အကျော်နားမှာနေကြတာ ပါ။ နေစရာ အိမ်မရှိလို့ လမ်းဘေးမှာပဲကြက်ခြင်းတွေခင်း အမိုးမိုးပြီး အိပ်ကြတာတဲ့? ယောကျာ်းလုပ်တဲ့သူက ကျန်းမာရေးလုံးဝမကောင်းဘူး

အဲ့အမကအစက ဘုရားကျောင်းရှေ့ပန်းကုံးရောင်းတာအခုမရောင်းရတော့လို့ အရွက်တွေခူးရောင်းတယ်တဲ့။ဆွိ အလုပ်လုပ်ဖို့ အရင်းထုတ်ပေးလိုက်ပါတယ်အစဉ်ပြေကြပါစေရှင်။

ရန်ကုန်ကအမျိုးတို့ရေ ကြက်ဘဲဈေးနားမှာ

သူတို့မိသားစုလေးကိုတွေ့ရင် အရွက်လေးတွေ

အားပေးရင်းနိုင်သလောက်လေး ကူညီပေးကြပါဦးနော်။အလှူရှင်များလဲ ထပ်တူကုသိုလ်ရကြပါစေနော် ??????....." ဆိုပြီး အလှူလေးကိုရေးသားမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc

သတင်း အရင်းအမြစ်May Nwe Htun's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T