ချင်းစစ်ဘေးရှောင်ပြည်သူ1000ကျော်အတွက် အရေးပေါ်စစ်ဘေးရှောင်စခန်းလေးလှူဒါန်းပေးကြတဲ့ စေတနာရှင်များ

//s9.kh1.co/9a/9a04565874f9fde3903ea58f643d54edbdb13d9e.jpg
နေ့စဉ်သတင်းများ

 ၁၂-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကိုအဆုံးထိတော်လှန်နေကြတာဖြစ်ပါတယ်။ ပြည်သူတွေဘက်က အခုလို ဆန္ဒပြသပိတ်တွေထွက်ကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDFတွေဖွဲ့စည်းပြီးတော့လည်း စစ်အာဏာရှင်တွေကိုတော်လှန်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မင်းတပ်ကို စစ်အုပ်ချုပ်ရေးကြေငြာထားပြီး သောက်သုံးရေဖြတ်တောက်မှု၊စားနပ်ရိက္ခာဖြတ်တောက်မှုတွေလည်း ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ဆင်းရဲဒုက္ခမျိုးစုံကိုကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အပြင် မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်လည်း စစ်ဘေးရှောင်ပြည်သူတွေမှာ မိုးထဲရေထဲမှာ ဒုက္ခရောက်နေကြရတဲ့အပြင် ပစ်ခတ်မှုတွေကြောင့် မိုးရွာထဲမှာပါ ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးခိုလှုံနေကြရတယ်လို့ သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုဆင်းရဲဒုက္ခတွေကြုံနေရတဲ့ချင်းပြည်က စစ်ဘေးရှောင်ပြည်သူတွေအတွက် စေတနာရှင်လူငယ်လေးတွေက စစ်ဘေးရှောင်စခန်းလေးဆောက်ပေးကာ အကူအညီပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း "ချင်းစစ်ဘေးရှောင် 1000 ကျော်အတွက်

အရေးပေါ်စစ်ဘေးရှောင်စခန်းလေးပြီးပါပြီ.

ပါဝင်ကူညီကြတဲ့ ပြည်သူအားလုံးရဲ့

မေတ္တာတွေနဲ့ အေးချမ်းလုံခြုံကြပါစေ ❤️

​ချင်းတောင်တန်းတွေပေါ်မှာ

နှမ်းတစ်စေ့အဖြစ် ကျနော်တို့ရှိနေပါဦးမယ်.

09401515002 (KPay)......" ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T