သူမရဲ့အိမ်ရှေ့ဗုံးပေါက်လို့ ကြောက်ရွံ့ထိတ်လန့်နေပေမယ့် လှောင်ပြောင်ဝေဖန်သူတွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ခြူးလေး

//s9.kh1.co/9d/9d862801d3e0c5fa624538fad6c75be8645393b1.jpeg
အနုပညာရှင်များ

 ၁၂-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိအခြေအနေတွေကြောင့် ရန်ကုန်မြို့အပါအဝင် နေရာဒေသတော်တော်များများမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပြီး ပြည်သူတွေ တော်တော်များများ အထိတ်တလန့် ဖြစ်နေကြရတာ တွေ့ပါတယ်..။

အကြမ်းဖက်ဖြိုခွင်းမှုတွေအပြင် ပေါက်ကွဲမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ကြသူတွေလည်း အနည်းအများရှိနေကြပြီး ပြည်သူတွေကတော့ စားဝတ်နေရးအတွက် သတိထားသွားလာလှုပ်ရှား ရုန်းကန်နေကြရတာ ဖြစ်ပါတယ်..။

Photo Credit - Chue Chue's Fb Acc
Photo Credit - Chue Chue's Fb Acc

ပေါက်ကွဲမှုတွေဟာ နေ့တိုင်းလိုလို ဟ်ုဟိုဒီဒီတွေမှာ ဖြစ်ပွားနေပြီး ဒီကနေ့မှာလည်း သရုပ်ဆောင်မင်းသမီးခြူးလေးရဲ့ နေအိမ်ရှေ့မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်..။

ခြူးလေးကတော့ သူမအနေနဲ့ အသက်အန္တရာယ်မထိခိုက်ခဲ့ပေမယ့် အိမ်ရှေ့ဗုံးပေါက်လို့ ကြောက်ရွံ့ထိတ်လန့်နေတဲ့ကြားက အဆိုပါကိစ္စနဲ့ပတ်သက်ပြီး လှောင်ပြောင်ဝေဖန်ကြသူတွေကြောင့် စိတ်မကောင်းဖြစ်နေရတာ တွေ့ရပါတယ်..။

Photo Credit - Chue Chue's Fb Acc
Photo Credit - Chue Chue's Fb Acc
Photo Credit - Chue Chue's Fb Acc
Photo Credit - Chue Chue's Fb Acc

"အိမ်ရှေ့မှာ ဗုံးပေါက်သွားလို့.." ဆိုပြီး ခြူးလေးက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ဗုံးပေါက်လို့ ထိတ်လန့်ခဲ့ရတဲ့အကြောင်း ပြောပြထားတဲ့ သူမရဲ့ပို့စ်အောက်မှာတော့ စိတ်ပူစွာနဲ့ ဂရုစိုက်ဖို့ အားပေးထားကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်ကြတဲ့ ပြည်သူတွေလည်း ရှိနေကြတာ တွေ့ရပါတယ်..။

Photo Credit - Chue Chue's Fb Acc
Photo Credit - Chue Chue's Fb Acc

သတင်း အရင်းအမြစ်Chue Chue's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T