ပြည်ပမှာ ရောက်နေပေမယ့်လည်း ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ပေးနေကြောင်း သက်သေပြလိုက်တဲ့ ယုဇနရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/52/52b3843f4bed045be76b8dcaf03890240ebc8513.jpeg
အနုပညာရှင်များ

 ၁၂-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ယုဇနကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ပြည်ပနိုင်ငံသို့ ရောက်ရှိနေပေမယ့်လည်းသွေးအေးမသွားဘဲ တတ်နိုင်တဲ့ဘက်ကနေ တက်ကြွစွာ ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းကလည်း ယုဇနရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 

ဒါကတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲတွင် တေးသီချင်းတစ်ပုဒ်ဖြင့် ပါဝင်သီဆိုအားဖြည့်ခဲ့တဲ့ ယုဇနရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဇွန်လ (၁၂),(၁၃) ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ရက်သတ္တပတ်အဖြစ် ဩစတေးလျနိုင်ငံ ဆစ်စနီမြို့တွင် လူထုချီတက် ဆန္ဒပြပွဲ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြည်ပနိုင်ငံရောက်  မြန်မာများနှင့်  မြန်မာ့အရေးကို စိတ်ပါဝင်စားကြတဲ့ နိုင်ငံခြားသားများလည်းပါဝင်ခဲ့ကြတာကို မြင်တွေ့ကြရမှာပါ။ 

Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 
Photo Crd-Yuzana’s Facebook Page 

ဒီပွဲတွင် ယုဇနကတော့ အဆိုတော် ခင်မောင်တိုးရဲ့ " ခွန်အားဖြည့်မိငယ်" ဆိုတဲ့ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အဝေးရောက်နေတာတောင် သွေးမအေးသွားဘဲ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးနေတဲ့ ယုဇနရဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ အားလုံးလည်း ခံစားနားဆင်နိုင်အောင်ယုဇနရဲ့ သီချင်းဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Yuzana’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T