ဆင်းရဲချို့တဲ့လှတဲ့ မိသားစု(၁၂၀)စာအတွက် အခြေခံစားသောက်ကုန်တွေသွားရောက်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/c1/c11a94e9860c514e8e55b1135f377a2f941c3e21.jpg
အနုပညာရှင်များ

 ၁၂-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသားဝေဠုကျော် ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်ကာ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်..။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေအပြင် လိုအပ်တာတွေဖေးမကူညီနေတာလည်း တွေ့ရပါတယ်.....။

Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page

ဝေဠုကျော်ဖောင်ဒေးရှင်း နေစရာအိမ်အခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက်လည်း တတ်နိုင်သရွေ့ အိမ်လေးတွေဆောက်လုပ်လှူဒါန်းပေးနေတာလည်းတွေ့ရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင်လည်း ဝေဠုကျော်ဖောင်ဒေးရှင်းက ဝေါမြို့နယ်ရှိဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက် အခြေခံစားသောက်ကုန်တွေကို တတ်နိုင်သရွေ့လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်.....။

Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page

ဒီအကြောင်းအရာလေးကိုလည်း ‌လူမှုကွန်ယက်စာမျက်နှာမှာ "12-6-2021 #အိမ်ထောင်စု၁၂၀သို့အလှူ #ဝေဠုကျော်ဖောင်ဒေးရှင်းမှအလှူရှင်များကိုယ်စားပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကျိုက်လှရွာ ရှိ နွမ်းပါးချို့တဲ့သော အိမ်ထောင်စု ၁၂၀ သို့ တစ်အိမ်ထောင်လျှင်ဆန် ၄ပြည်ကုလားပဲ ကြက်သွန်နီ တို့ကို သွားရောက် လှူဒါန်းထောက်ပံ့ပေးခဲ့ပါသည်။စေတနာအလှူရှင်များမှာအမေရိကန်နေ

(1)Daw Swe Swe Thynn

(2)Ma Khin Tun

(3)Ko Win Tun

(4) U Myo Tun & Daw Nyunt Nyunt Yi

တို့ ဖြစ်ကြပါတယ်။အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်......" ဆိုပြီး ရေးသားမျှဝေထားခဲ့တာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page
Photo credit-​ Wai Lu Kyaw Foundation's FB page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T