ကိုယ်တိုင်ကမိသားစုနဲ့ခွဲခွာပြီး လွတ်ရာပြေးနေရပေမယ့် ချစ်ရတဲ့ညီမလေးပျော်နေတာမြင်လို့ ဝမ်းသာကြောင်းပြောလာတဲ့ မေ

//s9.kh1.co/54/5404a1ffb428fb5fd3afd98318b5d1546001bd4a.png
အနုပညာရှင်များ

 ၁၃-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

Miss Universe Myanmar အဖြစ်နဲ့ တိုင်းတပါးမှာသွားရောက်ယှဉ်ပြိုင်ပြီး အမိမြန်မာပြည်ကို ပြန်လာဖို့မလွယ်တော့တဲ့ သူဇာဝင့်လွင်ဟာ လတ်တလောမှာတော့ အမေရိမှာနေထိုင်ပြီး မော်ဒယ်အေဂျင်စီတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေခဲ့ပါပြီ။ ဒီနေ့မှာလည်း ကန်ဒီက လော့အိန်ဂျလိစ်နိုင်ငံက Beverly Hills မြို့မှာရိုက်ကူးထားတဲ့ ပုံရိပ်လေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပြီးနောက် အမဖြစ်သူမေဟာ " ငါရောက်ဖူးချင်တဲ့ နေရာလေး.. ပျော်နေတာမြင်တော့ ဝမ်းသာပါတယ်.❤️ တို့ဝရမ်းပြေးဘဝက လွတ်တဲ့တနေ့မှ ပြန်ဆုံကြစို့ တို့ဖန်မလီ " ဆိုပြီး ဝင်ရောက်မှတ်ချက်ပေးခဲ့ပါတယ်။ ဒီမှတ်ချက်လေးကို မြင်ကြတဲ့ပရိသတ်တွေဟာ စိတ်မကောင်းဖြစ်ပြီး အားတင်းထားဖို့နဲ့ ဘေးကင်းစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

အမဖြစ်သူရဲ့မှတ်ချက်ကို " Miss you ဒီမှာလည်း passport ဖျက်ခံရတယ်ဆိုလား" ဆိုပြီး ကန်ဒီက ပြန်လည်မှတ်ချက်ပေးခဲ့ပါတယ်။ အမဖြစ်သူ မေဟာလည်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့ တာကြောင့် (၅၀၅) (က) နဲ့ အမှုဖွင့်ခံရပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရသလို ညီမဖြစ်သူကန်ဒီဟာ လည်း တကမ္ဘာလုံးကကြည့်နေတဲ့ Miss Universe စင်မြင့်ထက်မှာ မြန်မာ့အရေးကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ခဲ့တာကြောင့် မြန်မာပြည်ကိုပြန်လာဖို့ အဆင်မပြေနိုင်သေးပါဘူး။ ဒီလိုအခက်အခဲတွေကိုယ်စီနဲ့ ရင်ဆိုင်နေရတဲ့ ညီအမနှစ်ယောက်ကို ပရိသတ်တွေက အားပေးစကားပြောခဲ့ကြပါတယ်။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

မြန်မာပြည်အတွက်ရောင်နီလာမယ့်နေ့ရက်တွေရောက်ရင် ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူကျပြီး ပြည်သူတွေ ဖက်ကရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တိုင်းကို ပြည်သူတွေကလက်ကမ်းကြိုပြီး အကောင်းဆုံးတွေ ပြန်ပေးဖို့ အဆင်သင့်ပါပဲ။ ရဲရင့်ပြီး ဆုံးဖြတ်ချက်ပြတ်သားနဲ့ မေနဲ့ကန်ဒီလို သမီးလေးတွေကိုပိုင်ဆိုင် ထားတဲ့ မိဘတွေအတွက်တော့ တကယ်ကိုဂုဏ်ယူစရာဖြစ်နေမှာပါ။ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကြောင့် ညီအမနှစ်ယောက်လုံးဘေးကင်းပြီး ပိုမိုအောင်မြင်ပျော်ရွှင်တဲ့ ဘဝတွေကို ကိုယ်စီပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

သတင်း အရင်းအမြစ်Thu Zar Wint Lwin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T