ချစ်ဇနီးရဲ့အသက်၃၈နှစ်ပြည့်မွေးနေ့မှာ ဘဝတစ်သက်တာလုံးအမှတ်ရနေမယ့် မွေးနေ့အမှတ်တရလေးကို ကိုယ်တိုင်ပြုလုပ်ပေးခဲ့တဲ့ နေထူးနိုင်

//s9.kh1.co/e5/e5fe1492119bdeeca08b253bb8619df0465ea1fd.jpg
အနုပညာရှင်များ

 ၁၃-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ချစ်ဇနီးရဲ့အသက်၃၈နှစ်ပြည့်မွေးနေ့မှာ ဘဝတစ်သက်တာလုံးအမှတ်ရနေမယ့် မွေးနေ့အမှတ်တရလေးကို ကိုယ်တိုင်ပြုလုပ်ပေးခဲ့တဲ့ နေထူးနိုင်

သရုပ်ဆောင်နေထူးနိုင်ကတော့ အနေအေးဆေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာအောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူကတော့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ ချစ်ဇနီးနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေး၂ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

Photo Credit:  NayHtooNaing' s Facebook Acc
Photo Credit: NayHtooNaing' s Facebook Acc
Photo Credit:  NayHtooNaing' s Facebook Acc
Photo Credit: NayHtooNaing' s Facebook Acc

သရုပ်ဆောင်နေထူးနိုင်တို့မိသားစုကတော့ ယခုမှာ ချောက်မြို့ကို ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ဇွန်လ(၁၂)ရက်နေ့ မနေ့ကတော့ နေထူးနိုင်ချစ်ဇနီးရဲ့အသက်(၃၈)နှစ်ပြည့် မွေးနေ့ပဲဖြစ်ပြီး နေထူးနိုင်ကတော့ ချစ်ဇနီးရဲ့မွေးနေ့မှာ မှတ်မှတ်ရရဖြစ်စေမယ့် အမှတ်တရလေးပြုလုပ်ပေးခဲ့ပါတယ်။ နေထူးနိုင်ကတော့ ချစ်ဇနီးရဲ့မွေးနေ့အမှတ်တရအဖြစ် နေအပူချိန်ပြင်းတဲ့ချောက်မြို့မှာ ​ဗောဓိပင်နှင့်ခ​ရေပင်(110)ကို ကိုယ်တိုင်စိုက်ပျိုးခဲ့ပါတယ်။

Photo Credit:  NayHtooNaing' s Facebook Acc
Photo Credit: NayHtooNaing' s Facebook Acc
Photo Credit:  NayHtooNaing' s Facebook Acc
Photo Credit: NayHtooNaing' s Facebook Acc
Photo Credit:  NayHtooNaing' s Facebook Acc
Photo Credit: NayHtooNaing' s Facebook Acc

နေထူးနိုင်ကတော့ " ချစ်ဇနီး​ရဲ့ဒီ​နေ့၃၈နှစ်ပြည့်​မွေး​နေ့အမှတ်တရအဖြစ် ​ချောက်မြို့မတ်တစ်​ထောင်နဂါးကုန်း​တော်​ပေါ်တွင် ​ဗောဓိပင်နှင့်ခ​ရေပင်(110) အား​အောင်မြင်စွာစိုက်ပျိုးခဲ့ပါသည် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ဇနီးရဲ့မွေးနေ့မှာ သစ်ပင်တွေများစွာစိုက်ပျိုးနေတဲ့ သရုပ်ဆောင်နေထူးနိုင်တို့မိသားစုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : NayHtooNaing' s Facebook Acc

Photo Credit:  NayHtooNaing' s Facebook Acc
Photo Credit: NayHtooNaing' s Facebook Acc
Photo Credit:  NayHtooNaing' s Facebook Acc
Photo Credit:  NayHtooNaing' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T