မေမေ့ရဲ့အဆုံးအမတွေကြောင့် ဘုရားတရားကိုင်းရှိုင်းတတ်လာတဲ့အပြင် မေမေနဲ့အတူတူ ဘုရားဝတ်ပြုနေပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့သမီးလေး

//s9.kh1.co/7f/7f3c5a705056b286eccc2d8712e2c4938cc59ec8.png
အနုပညာရှင်များ

 ၁၃-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

မိဘဆိုတာသားသမီးတွေအတွက် အရေးကြီးဆုံးလက်ဦးဆရာပါပဲ။ ကလေးတွေရဲ့ငယ်ဘဝမှာ မိဘတွေရဲ့အပြုအမူအပြောအဆိုတွေကို အတုယူပြီး လိုက်လုပ်လေ့ရှိတာမို့ ကလေးတွေရှေ့မှာ လွဲမှားတဲ့အမူအယာနဲ့အပြောအဆိုတွေမလုပ်မိဖို့ အတော်လေးအရေးကြီးပါတယ်။ ကလေးတွေရဲ့ဘဝကို ကယ်တင်ပေးနေတဲ့ခိုင်နှင်းဝေဟာ သူမရဲ့သမီးလေးရွှန်းရွှန်းကိုလည်း အကောင်းဆုံးထိန်းကျောင်းပြုပြင် ပေးခဲ့ပါတယ်။ ဂေဟာကသားသမီးတွေကိုလည်း ရင်နဲ့အမျှချစ်ရသလို အိမ်ကသမီးလေးရွှန်းရွှန်းကိုလည်း ဂရုတစိုက်နဲ့ သေချာလေးပျိုးထောင်ပေးနေခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

မေမေ့ဆီကအကျင့်ကောင်းလေးတွေကိုအတုယူတဲ့ရွှန်းရွှန်းဟာ ဘုရားစာတွေဆိုတတ်နေပြီ ဖြစ်သလို ဘုရားရှိခိုးရကောင်းမှန်းလည်းသိနေခဲ့ပါပြီ။ ကောင်းမွန်တဲ့အလေ့အထတွေနဲ့ ကြီးပျင်းလာမယ့် ကလေးတစ်ယောက်ဟာ အနာဂတ်ကောင်းတွေလည်းပိုင်ဆိုင်ရမယ်ဆိုတာ အသေအချာပါပဲ။ ချစ်သမီးလေးရဲ့ ယဉ်ကျေးတဲ့အပြုအမူတွေကြောင့် မေမေခိုင်နှင်းဝေလည်း အမောပြေပြီး ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။ ချစ်စရာသားအမိနှစ်ယောက် ဘုရားအတူတူရှိခိုးနေတဲ့ ပုံရိပ်လေးတွေကို " ရွှန်းရွှန်းက ဘုရားစာတွေ လဲ တတ်နေပြီး ဘုရားလဲ ရှိခိုးတတ်နေပြီရှင်..❤️❤️ " ဆိုပြီး မေမေခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

အရွယ်ရောက်လာတဲ့အချိန်မှာ မေမေ့လိုပဲ အများအကျိုးဆောင်တဲ့ ပရဟိတအကျိုးဆောင်တစ်ယောက် ဖြစ်မလားဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပါ။ မေမေ့လို သရုပ်ဆောင် ဝါသနာပါတာကြောင့် မကြာခဏဆိုသလိုလည်း အိမ်မှာအိုက်တင်ကျင့်တတ်ပါသေးတယ်။ ချစ်စရာသမီးလေးရဲ့ ရင်အေးစေတဲ့အပြုအမူတွေဟာ မေမေ့အတွက်တော့ အားဆေးတွေပါပဲ။ စောင့်ရှောက်ထားတဲ့ သားသမီးတိုင်းကို အကောင်းဆုံးဖြစ်စေချင်တဲ့ဆန္ဒနဲ့ မေတ္တာကြောင့် မေမေခိုင်နှင်းဝေရဲ့ဘဝဟာလည်း အမြဲတမ်းပြုံးပျော်နေခဲ့ရတယ်ဆိုတာ ဒီပုံလေးတွေက သက်သေပြနေပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T