လတ်တလော စိန်ထည်ပစ္စည်းတွေရောင်းချဖို့ လက်မခံဖြစ်သေးတဲ့ အဓိကအကြောင်းရင်းကို ဖွင့်ဟ ပြောပြလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

//s9.kh1.co/11/1157bc0a01ce809c6f1738fd65e34d2ac69dacf4.jpeg
အနုပညာရှင်များ

 ၁၄-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ကတော့ အနုပညာလှုပ်ရှားမှုများသာမက ဈေးရောင်းတဲ့နေရာမှာလည်း ထူးချွန်လွန်းသူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမ Live လွှင့်ပြီး ဈေးရောင်းတဲ့ ပုံစံတွေကို ချစ်ကြတဲ့အတွက် ဘာပစ္စည်းပဲ ရောင်းရောင်း အားပေးနေကြတာ ဖြစ်ပါတယ်။ မနေ့ညက နှိုင်းရှင်ရဲ့ လူမှုကွန်ယက်တွင်လတ်တလော စိန်ထည်ပစ္စည်းတွေရောင်းချဖို့ လက်မခံဖြစ်သေးတဲ့ အဓိကအကြောင်းရင်းကို ဖွင့်ဟ ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

သူမဈေးရောင်းတိုင်း ပရိသတ်တွေရဲ့ စားဝတ်နေရေးကို အမြဲကြည့်သူတစ်ဦး ဖြစ်ပါတယ်။ ဈေးရောင်းတဲ့customer တွေထဲမှာ လူတန်းစားမျိုးစုံရှိကြတာ ဖြစ်တဲ့အတွက် အားလုံးအတွက် စဉ်းစားပြီး အလုပ်လုပ်ပေးနေတာဖြစ်ပါတယ်။ စိန်ဆိုင်တွေက မေလကတည်းက live လွှင့်ရောင်းဖို့ လာပြောနေပေမယ့်လည်း လောလောဆယ်ရောင်းချဖို့ အစီအစဉ်မရှိသေးကြောင်းကိုလည်း  ပရိသတ်တွေကို အခုလိုရေးသားပြီး  သေသေချာချာလေး ရှင်းပြပေးထားတာ ဖြစ်ပါတယ်။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

" ညီမလေး စိန်မရောင်းသေးဘူးလား စိန်မရောင်းသေးဘူးလား လာမေးနေကြလို့?စိန်ဆိုင်တွေက 5လပိုင်းထဲကလွှင့်ဖို့ လာပြောနေကြတာ...နှိုင်းရှင် မလွှင့်သေးတာပါ..အခု လူတွေစားဝတ်နေရေးကို နှိုင်းရှင် အမြဲကြည့်ပါတယ်..နှိုင်းရှင်ကာစတန်မာတွေထဲမှာ သူဌေးတွေရော မုန့်ဖိုးစုဝယ်သူတွေရော လခထုတ်မှ ဝယ်တဲ့သူတွေရောလူတန်းစားပေါင်းစုံရှိနေပါတယ်...အားလုံးအတွက် စဉ်းစားပြီး အလုပ်လုပ်ပေးနေပါတယ်....စိန်ဆိုင်တစ်ဆိုင်ဆိုချိတ်ထားပြီး နှိုင်းရှင်ရက်ရွှေ့နေတာ 3ပတ်ရှိနေပါပြီ...အခြေအနေကြည့်ပြီး စိန်Liveလေးတွေကို ရက်တွေပြန်ပေးပေးပါ့မယ်....လောလောဆယ် စိန်ရောင်းဖို့လည်း စိတ်အားမထက်သန်သေးလို့ပါ...နောက်လလောက် စရောင်းဖို့ရက်ပေးပါ့မယ်...စိန်ရောင်းဖို့ mood သွင်းနေပါတယ်???စိတ်မပူပါနဲ့စိန်ဆိုင် 3ဆိုင်စတော့လက်ခံထားပါပြီ...ခုလောလောဆယ်တော့ သရက်သီး စားရေစိမ် စားနေပါတယ်?" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများက ကိုဗစ်ကာလကတည်းကနေ အခုထိ အနုပညာလှုပ်ရှားမှုတွေ အရင်လို ရိုက်ကူးရေးလုပ်ကြဖို့ အဆင်မပြေသေးတာကြောင့် သူတို့ရဲ့ စားဝတ်နေရေးတွေကို ဖြေရှင်းဖို့ ဈေးရောင်းနေကြရတာ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Nhying Shin’s Facebook Account 

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T