မန္တလေးမြို့တွင် မိစ္ဆာပါတီ NLDအလိုမရှိဟုကြွေးကြော်ကာ စစ်ကောင်စီထောက်ခံသူများလှည့်လည်ဆန္ဒပြနေကြတဲ့မြင်ကွင်းပုံရိပ်များ

//s9.kh1.co/6a/6ae2757abdd538a10e572375b391a75411916f15.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မန္တလေးမြို့တွင် ယမန်နေ့ ဇွန်လ(၁၃)ရက်နေ့ကမိစ္ဆာပါတီ NLD အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ ဆန္ဒပြသူတွေက "မိစ္ဆာပါတီNLDအလိုမရှိ၊ CRPH, NUG, PDF, GZ အကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ အမြန်ဆုံးနှိမ်နင်းပေးရန်၊ ပြည်ပသြဇာခံ NUG အလိုမရှိ" ကြွေးကြော်သံများဖြင့် ဆိုင်ကယ်များဖြင့် လှည့်လည် ကြွေးကြော်ကာဆန္ဒထုတ်ဖော်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

၎င်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက "အကြမ်းဖက်အဖွဲ့တွေ သတ်လို့ အပစ်မဲ့ ပြည်သူတွေလည်း သေခဲ့ရပြီ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရဲ၊ တပ်မတော်သားတွေလည်း သေခဲ့ရပြီဗျာ။ အခုလက်တလော ဖြစ်စဉ်တွေမှာဆိုရင် စာသင်ကျောင်းတွေကို မိစ္ဆာပါတီNLD အကြမ်းဖက်သမားတွေက ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ ဆရာ၊ ဆရာမတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ကြားသိရတယ်။ ဒါက သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်လာပြီ။ မဖြစ်မနေတုန့်ပြန်မှ ရတော့မယ်။ ဒီထက်ပိုဆိုးလာရင်တော့ ဒီအကြမ်းဖက်သမားတွေ သတ်ဖြတ်တာကို ခေါင်းငုံ့ခံနေဖို့ မလိုတော့ဘူး။ ဖြစ်တဲ့နီးနဲ့ ထိထိရောက်ရောက် တုန့်ပြန်သွားပါမယ်။ အကြမ်းဖက်NLDကို အားပေးခြင်း မရှိတဲ့ ပြည်သူအားလုံး သတိရှိရှိ၊ သတ္တိရှိရှိ တုံ့ပြန်ကြပါ"ဟုပြောဆိုလာတာကိုလည်း တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မဲမသမာမှုကြောင့်ဟုခေါင်းစဉ်တပ်ကာ တပ်မတော်က နိုင်ငံတော်အာဏာသိမ်းလိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ(၈၀၀)ကျော်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့အညီရွေးကောက်ထားတဲ့ NLDပါတီအပေါ်အခုလိုဝေဖန်ဆန့်ကျင်နေကြသူများက အခကြေးငွေယူကာဆန္ဒပြနေကြခြင်းဖြစ်တယ်လို့ မြို့ခံပြည်သူတွေက လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဆန္ဒပြပွဲပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T