ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဖေဖေနဲ့မေမေကို တစ်ရက်မှမေ့မရဘဲ လွမ်းဆွတ်သတိရလွန်းလို့ မိုးတွေရွာရင် အော်ငိုမိကြောင်း ဖွင့်ဟလိုက်တဲ့ ခင်ဇာခြည်ကျော်

//s9.kh1.co/6c/6c514b2a236a9388c73328f7f8830368cb92f6dc.jpg
အနုပညာရှင်များ

 ၁၄-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဖေဖေနဲ့မေမေကို တစ်ရက်မှမေ့မရဘဲ လွမ်းဆွတ်သတိရလွန်းလို့ မိုးတွေရွာရင် အော်ငိုမိကြောင်း ဖွင့်ဟလိုက်တဲ့ ခင်ဇာခြည်ကျော်

သရုပ်ဆောင်ခင်ဇာခြည်ကျော်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီး သားလေးတစ်ယောက်နဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိဘအပေါ်ကျေးဇူးသိတတ်တဲ့ သမီးလိမ္မာတစ်ယောက်ပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့မိခင်ဖြစ်သူဒေါ်စန်းစန်းဆွေကတော့ (၁၈.၂.၂၀၂၁)ရက် ည (၁၀:၃၀)မှာ ဆုံးပါးသွားခဲ့ရပါတယ်။

Photo Credit:  Khin Zarchi Kyaw 's Facebook Acc
Photo Credit: Khin Zarchi Kyaw 's Facebook Acc
Photo Credit:  Khin Zarchi Kyaw 's Facebook Acc
Photo Credit: Khin Zarchi Kyaw 's Facebook Acc

ယခုဆိုရင် သူမရဲ့ဖခင်ဖြစ်သူကွယ်လွန်သွားခဲ့တာ(၁၀)နှစ်ပြည့်ပြီဖြစ်သလို မိခင်ဖြစ်သူဆုံးပါးသွားခဲ့တာလည်း (၄)လထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကတော့ အသက်(၆၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဖြစ်သူကို အမြဲသတိရတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏရေးသားလေ့ရှိပါတယ်။ ယခုမှာတော့ သူမဟာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဖေဖေနဲ့မေမေကို တစ်ရက်မှမေ့မရဘဲ လွမ်းဆွတ်သတိရနေပြီး မိုးတွေရွာရင် အော်ငိုမိတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit:  Khin Zarchi Kyaw 's Facebook Acc
Photo Credit: Khin Zarchi Kyaw 's Facebook Acc
Photo Credit:  Khin Zarchi Kyaw 's Facebook Acc
Photo Credit: Khin Zarchi Kyaw 's Facebook Acc
Photo Credit:  Khin Zarchi Kyaw 's Facebook Acc
Photo Credit: Khin Zarchi Kyaw 's Facebook Acc

ခင်ဇာခြည်ကျော်ကတော့ " လွမ်းတယ် ဖေဖေနဲ့မေမေ အခု ဇွန်လ (၁၅.၆.၂၀၂၁)ဆို ဖေဖေ ဆုံးတာ (၁၀)နှစ်ပြည့်ပြီ..တစ်ရက် မှ မေ့မရ ပါဘူး...မေမေ ဆုံးတာ (၄)လထဲမှာပေါ့...နေ့စဉ် နဲ့ အမျှဘုရားရှိခိုးပြီးတိုင်း ကုသိုလ်​ ​​ပြု ပေးပြီးတိုင်း အမျှ ပေးဝေ နေပါတယ် .ဖေဖေနဲ့ မေမေ ကောင်း ရာဘုံဘဝ ရောက်မယ် လို့လည်း သမီးယုံကြည် ပါတယ် သမီးအတွက် တော့ ဖေဖေရောမေမေ ရောမရှိတဲ့အတွက်အရမ်း အားငယ်တယ် အရမ်းလည်းလွမ်းတယ် မိုးတွေရွာရင် အော်ငို မိတယ်ကျန်ရစ်သူ ချစ်သမီးဇာဇာ "ဆိုပြီး ရေးသားထားခဲ့ပါတယ်။ သရုပ်ဆောင်ခင်ဇာခြည်ကျော်တို့မိသားစုရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :Khin Zarchi Kyaw 's Facebook Acc

Photo Credit:  Khin Zarchi Kyaw 's Facebook Acc
Photo Credit: Khin Zarchi Kyaw 's Facebook Acc
Photo Credit:  Khin Zarchi Kyaw 's Facebook Acc
Photo Credit:  Khin Zarchi Kyaw 's Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T