ဇနီးဖြစ်သူမွေးနေ့ကို မမေ့လျော့ဘဲ သူမရဲ့ အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

//s9.kh1.co/40/408fef19ef0ba2a092dfbd0dbefda26491294078.jpeg
အနုပညာရှင်များ

 ၁၄-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် မီးမီးခဲကတော့  ကင်ဆာရောဂါဝေဒနာကို အချိန်အတော်ကြာခံစားခဲ့ရပြီး အောက်တိုဘာလ(၁၆) ရက်နေ့တွင် ထိုရောဂါကြောင့်ပဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ မီးမီးခဲကို ကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အခုချိန်ထိကို ဝမ်းနည်းနေကြဆဲပဲ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်ပေမယ့်လည်း သူမရဲ့ သီချင်းလေးတွေကတော့ အားလုံးရဲ့ ရင်ထဲမှာ အခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။

Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 

မနေ့ကတော့ မီးမီးခဲရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းက မီးမီးခဲခင်ပွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံတစ်ချို့နဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဇနီးဖြစ်သူရဲ့မွေးနေ့ကို မမေ့မလျော့ဘဲ မီးမီးခဲရဲ့အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ ကျင်းပပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူကလည်း " Happy Heavenly Birthday Eh Tone ပြန်ဆုံမယ့် နေ့မှာကွယ်  " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 

ပရိသတ်တွေကလည်း ဒီပို့စ်ရဲ့အောက်မှာ မီးမီးခဲအတွက် မွေးနေ့ဆုတောင်းများ comment တွင် ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။ မီးမီးခဲတစ်ယောက် ငြိမ်းချမ်းတဲ့ ဘုံဘဝမှာ အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက် ရပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကိုပါ တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Brice Mmk’s Facebook Page 

Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 
Photo Crd-Brice Mmk’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T