လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ယူရင်း PDFတပ်သားအနေနဲ့ ခံယူလိုက်တဲ့ လူငယ်လေးတစ်ဦး

//s9.kh1.co/fa/facaeb6edcc5807f63c735a9730ae1b6399580b5.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလအစပိုင်းတည်းကဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေက ယနေ့ထိတိုင်ပြီးဆုံးခြင်းမရှိသေးပဲ ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူ ၈၀၀ကျော်လည်းသေဆုံးခဲ့ရသလို ဖမ်းဆီးခံရတဲ့ပြည်သူတွေလည်း ထောင်နဲ့ချီရှိနေပြီဖြစ်ပါတယ်။ အခုလိုအခြေအနေတွေကြောင့် Gen Zလူငယ်လေးတွေဟာ ရရာလက်နက်ဆွဲကိုင်တော်လှန်ရင်း "ပြည်သူ့ကာကွယ်ရေးတပ် PDF"တွေဖွဲ့စည်းကာ အာဏာရှင်စနစ်ကိုတော်လှန်နေကြတာဖြစ်ပါတယ်......။

Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc

ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ စစ်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပြီး ပြည်သူအများအပြားစစ်ဘေးရှောင်ကာထွက်ပြေးခိုလှုံနေကြရတာပါ။ အခြေအနေတွေပြင်းထန်လာတာနဲ့အမျှ Gen Zလူငယ်လေးတွေအများအပြားလည်း လွတ်မြောက်နယ်မြေကိုသွားရောက်ကာ PDFတပ်သားတွေအနေနဲ့ စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ အနုပညာရှင်တွေနဲ့ နာမည်ကြီး social influencerတွေလည်း စစ်ပညာသင်ယူနေကြတာဖြစ်ပြီး ဆင်းရဲဒုက္ခတွေကြားထဲကနေ ကြိုးစားပြင်ဆင်နေကြတာပါ။

Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc

မကြာသေးမီကလည်း Gen Zလူငယ်လေးတစ်ဦးက သူ့ရဲ့ Facebookစာမျက်နှာမှာ "ငါတို့ကြိုးစားသမျှ အာဏာရှင် ပျက်သုဉ်းပါစေသား။
ငါတို့ကြိုးစားသမျှ တိုင်းရင်းသားအခွင့်အရေး တန်းတူ ရရှိပါစေသား။ PDF......" ဆိုပြီးရေးသားကာ စစ်ပညာသင်ယူနေတဲ့ပုံတွေကိုတင်ပေးလာခဲ့ပါတယ်။ သူကဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်တက်ကြွကြွပါ၀င်နေ‌တဲ့သူဖြစ်ပြီး နာမည်ကြီး social influencerတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc
Photo credit-Soe Win Naing's Facebook acc

သတင်း အရင်းအမြစ်Soe Win Naing's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T