သူမအပေါ်မလိုမုန်းထားတဲ့ဝေဖန်မှုတွေကို အကောင်းဆုံးလုပ်ရပ်တစ်ခုတည်းနဲ့ လှလှပပလေးချေပလိုက်တဲ့ သူဇာဝင့်လွင်

//s9.kh1.co/63/630547bca95408b3849e87114cbf99a8e93f20e2.png
အနုပညာရှင်များ

 ၁၄-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

Miss Universe Myanmar သူဇာဝင့်လွင်ဟာ တိုင်းပြည်အရေးအခင်းကာလမှာ Miss Universe ပွဲကို သွားရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး အခက်အခဲမျိုးစုံကိုဖြတ်ကျော်ကာ နိုင်ငံအတွက်ဂုဏ်ယူရမယ့် National Costume ဆုကို ရအောင်ယူပေးနိုင်ခဲ့သူပါ။ ပြိုင်ပွဲအပြီးမှာလည်း ကိုယ့်နိုင်ငံကိုပြန်လာဖို့ အဆင်မပြေတာ ကြောင့် တိုင်းတပါးမှာပဲ ဆက်လက်ပြီးအလုပ်လုပ်ကိုင်နေခဲ့ပါတယ်။ တိုင်းပြည်အတွက်စေတနာထားတာ ကြောင့် သူမကိုချစ်ခင်အားပေးသူတွေလည်းရှိလာပြီး နာမည်ကြီးမော်ဒယ်အေဂျင်စီမှာ မော်ဒယ် တစ်ယောက်အဖြစ်နဲ့ စတင်ရပ်တည်နေခဲ့ပြီပဲဖြစ်ပါတယ်။

Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc

Miss Universe စင်မြင့်ထက်မှာ " Pray for Myanmar " ဆိုင်းဘုတ်ကိုင်ပြီး မြန်မာ့အရေးကို Speak out လုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမကို " Pray for Myanmar " တစ်ခုနဲ့ လုပ်စားတယ် ဆိုပြီးဝေဖန်ပြောဆိုနေသူတွေလည်းရှိနေခဲ့ပါတယ်။ နာမည်ရလာပြီဆိုရင် ဝေဖန်ချင်သူတွေရှိလာတာလည်း ထုံးစံတစ်ခုပါပဲ။ သူဇာကတော့ 12.6.2021 နေ့မှာ Minnesota က လူငယ်တွေဦးဆောင်ပြုလုပ်တဲ့ Youth for Myanmar ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ‌ပွဲမှာ လူအားရောငွေအားပါစိုက်ထုတ်ပြီး ပြစ်တင်ဝေဖန်သူတွေရဲ့စကားတွေကို လုပ်ရပ်တစ်ခုတည်းနဲ့ ချေပခဲ့ပါတယ်။

Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc

ဒီပွဲလေးကိုတက်ရောက်ခဲ့တဲ့သူမရဲ့ပုံရိပ်တွေကို " 12.6.2021 နေ့က Minnesota မှာရှိတဲ့ လူငယ်တွေ ဦးဆောင်ပြုလုပ်သော Youth for Myanmar ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ‌ပွဲလေးမှာ သူဇာလဲတတ်ရောက်ပြီး လူအားနဲ့ ပါဝင်အားဖြည့်ခွင့်ရခဲ့သလို ကရင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင် မိဘပြည်သူများရဲ့ သောက်ရေသန့်အခက်အခဲ ဖြေရှင်းနိုင်စေရန် Water Filter အတွက် အလှူငွေ ကျပ်ဆယ်သိန်းကိုလည်း လှူဒါန်းခွင့် ရခဲ့ပါတယ်။ ဒီပွဲကနေ ရရှိတဲ့အကျိုးအမြတ်တွေအားလုံးကို မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံရပ်ခြားကနေ ကိုယ့်နိုင်ငံအတွက်တတ်နိုင်တဲ့ဘက်ကနေ အားလုံးဝိုင်းဝန်းကြိုးစားပေး နေကြတာ မြင်ရတာ ပီတိဖြစ်ရသလို အားလည်းတတ်မိပါတယ်။သူဇာလည်း ဒီလိုအချိန်မှာ ကိုယ့်နိုင်ငံ အတွက် လူအားရော ငွေ‌အားပါ တတ်နိုင်သလောက်ပါဝင်အားဖြည့်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါ တယ်။သူဇာ့ရဲ့ ချစ်ရတဲ့သူတွေလည်း ဒီကာလမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြဖို့နဲ့ အားတင်းထားကြဖို့ မှာချင်ပါတယ်။ ??❤️ " ဆိုပြီး ပွဲတက်ရတဲ့အကြောင်းအရင်းနဲ့တကွ ပြောပြလာခဲ့ပါတယ်။

Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc

သတင်း အရင်းအမြစ်huzar Wint Lwin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T