အလံဖြူလေးတွေထောင်ပြီး ကယားစစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့ပေးဖို့ တိုက်ပွဲတွေကြားမှာ သွားလာနေရတဲ့ ဦးဇင်းတစ်ပါးရဲ့ ဗီဒီယို

//s9.kh1.co/6f/6fd7f87738deca17ba75ec6b67b46bba3efc9245.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲတွေနေ့စဥ်အမျှဖြစ်ပွားနေတာကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံပြည်သူများက ကျေးရွာတွေနဲ့ နေအိမ်တွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ ဝင်ရောက်ထွက်ပြေးတိမ်းရှောင်နေတာ တွေ့ရပါတယ်။ ကျေးရွာတွေထဲကို စစ်ကောင်စီမှ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် တချို့နေအိမ်တွေကို ထိမှန်ကာ မီးလောင်ပျက်စီးနေတာတွေလည်း ရှိလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် တချို့ကျေးရွာတွေဆိုရင် မိမိတို့နေထိုင်တဲ့ နေအိမ်တွေမှာ စစ်ကောင်စီက အကြောင်းမဲ့အပစ်မခံရအောင် အလံဖြူလေးတွေထောင်ထားပြီး ကြောက်လန့်တကြား နေရတယ်လို့ ကြားသိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့က လွယ်ရင်းတောင် စစ်ဘေးရှောင်စခန်းကို ပေးပို့မယ့် ဆန်နဲ့ ဆေးပစ္စည်းများအပါအဝင် ​ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ကားနှစ်စီးကိုပါ မီးရှို့ဖျက်စီးခဲ့ကြတယ်လို့လည်း ပျံ့နှံ့လာတဲ့ သတင်းများအရ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လက်ရှိမှာတော့ ပရဟိတသမားတွေနဲ့ အလှူရှင်များက ကယားပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေဆီကို စားနပ်ရိက္ခာများနဲ့ ဆေးဝါးများ ပို့ဆောင်ပေးရင်လည်း တိုက်ပွဲတွေကြားကနေ မှားယွင်းပြီးအပစ်မခံရအောင် အလံဖြူလေးတွေထောင်ကာ ခက်ခက်ခဲခဲ ကူညီထောင်ပံ့နေရတာ တွေ့ရပါတယ်။ ဒီလို အလံဖြူလေးတွေထောင်ပြီး စစ်ဘေးရှောင်တွေကို သွားရောက်လှူဒါန်းပေးနေတဲ့ ဦးဇင်းတစ်ပါးကလည်း မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာ တွေ့ရပါတယ်။ ကယားပြည်နယ်ဟာ လက်ရှိစိုးရိမ်နေရတဲ့ အခြေအနေရောက်ရှိနေတာကြောင့် အမြန်ဆုံးအေးချမ်းအောင် ပရိသတ်တွေလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။

https://s9.kh1.co/__image/w=600,h=308,q=100/c4/c4921095a48e8a9bcb4ed420f41ab562c9b91b33.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://fb.watch/66OOgJBjsO/

သတင်း အရင်းအမြစ်VideoCredit & Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T