စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေကို အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ကာ အဆင့်ဆင့် ပို့ဆောင်နေရတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/7e/7e7b7df1cd1ceaa32ab8cce606800ba37c75fc53.jpeg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုနောက်ပိုင်း ပိုမို ဆိုးဝါးလာတဲ့ အာဏာရှင် လူတစ်စုရဲ့ တိုက်ခိုက်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား နယ်မြို့လေးတွေမှာ တိုက်ပွဲတွေ တစ်ရက်ထက် တစ်ရက် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပါတယ် ။  စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေဟာဆိုရင် တောတောင်တွေထဲမှာ အစားအသောက်တွေလည်း အဆင်မပြေကြသလို ခုလို မိုးရာသီမှာ သည်းထန်စွာ ရွာသွန်းတဲ့ မိုးရေတွေကြားမှာပဲ အအေးဒဏ်တွေကို တောင့်ခံရင်း ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတာပါ ။ 

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီလို အခက်အခဲတွေ များစွာရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေကို အခြား မြို့ကြီးမှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားတွေကလည်း ကိုယ်ချင်း စာနာလို့ အစွမ်းကုန် ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ အစားအသောက် ၊ ဆေးဝါး နဲ့ မိုးကာများ ရွက်ဖျင်တဲများစတာတွေကို ဝယ်ယူလှူဒါန်းနိုင်ရန် အွန်လိုင်းမှာ အလှူငွေများ ကောက်ခံလျက်ရှိရာ ပြည်သူတွေကလည်း သဒ္ဓါတရား နည်းများမဆို အင်တိုက် အားတိုက် ပါဝင် ထည့်သွင်းလှူဒါန်းကြတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ဒါ့အပြင် ဒီလို ရိက္ခာတွေကို စစ်ဘေးရှောင်တွေဆီ ပို့ဆောင်ကြရာမှာလည်း လမ်းခရီးမှာ အာဏာရှင် လူတစ်စုရဲ့ ဖျက်ဆီးမီးရှို့ခံရတာတွေလည်းရှိသလို ပို့ဆောင်သူတွေကို ဖမ်းဆီးထိန်းသိမ်းကြတာတွေလည်း ရှိနေပါတယ် ။ အခုလည်း စားနပ်ရိက္ခာ တွေကို ရေလမ်း ၊ ကုန်းလမ်းကနေ တစ်ဆင့်  တောတောင်တွေထဲအထိ ခက်ခက်ခဲခဲ သယ်ဆောင်နေရတာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီးအတွက် စားနပ်ရိက္ခာတွေ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ပို့ဆောင်နေရတဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T