ရွာထဲဆင်းပြီး ဆိတ်တွေ၊ဝက်တွေသွားလွှတ်တဲ့အချိန်မှာ စစ်တပ်နဲ့ထိပ်တိုက်တွေ့ရင်း ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကို ဖွင့်ဟပြောပြလာတဲ့ ရဟန်းတစ်ပါး

//s9.kh1.co/b0/b064e5d7a8bd87015b4810362bea6bdac9df0c3f.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ရွာထဲဆင်းပြီး ဆိတ်တွေ၊ဝက်တွေသွားလွှတ်တဲ့အချိန်မှာ စစ်တပ်နဲ့ထိပ်တိုက်တွေ့ရင်း ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကို ဖွင့်ဟပြောပြလာတဲ့ ရဟန်းတစ်ပါး

ယခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ဘေးရှောင် ပြည်သူပေါင်း သိန်းချီခန့်ရှိနေပြီ ဖြစ်ပါတယ် ။ ပြည်သူတွေခမျာ သူတို့ရှာဖွေစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အပြင် အသက်လုပြီး ထွက်ပြေးနေရတာလည်း ဖြစ်ပါတယ်။ သူရဲကောင်းတွေက ပြည်သူတွေကို ကာကွယ်ပေးနေပေမယ့် အာဏာရှင်ဘက်တော်သားတွေကတော့ အင်အားသုံးပြီး ဖြိုခွင်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း စစ်ဘေးရှောင်နေရတဲ့ ဒေသတစ်ခုမှာ ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရဟန်းတစ်ပါးက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ် ။ စာထဲမှာတော့ ဦးပဥ္ဇင်းက ကိုရင်နှစ်ပါးနဲ့အတူ ရွာထဲဆင်းပြီး ဆိတ်တွေ၊ ဝက်တွေ သွားလွှတ်တဲ့အချိန်မှာ စစ်တပ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ စစ်သားတွေက ဘုန်းကြီးမှန်းသိတော့မှ သေနတ်ကိုချပြီး ဒူးထောက်ကာ ဦးချခဲ့ကြကြောင်း ဦးပဥ္ဇင်းက ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အဲ့ဒီနောက်မှာတော့ ဦးပဥ္ဇင်းက စစ်သားတွေကို ဗုဒ္ဓတရားအတိုင်း ​အေးချမ်းစွာလုပ်ဆောင်ဖို့ မိန့်ကြားခဲ့တာဖြစ်ပြီး သူတို့ကတော့ တပည့်တော်တို့မလုပ်ပါဘူးဆိုပြီးလျှောက်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဦးပဥ္ဇင်းအနေနဲ့ အခုလို စစ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲတာကလည်း "တရားထိုင်၊ တရားမှတ် နေ့စဥ်မပြတ်ကျင့်ခဲ့တဲ့ မြတ်စွာ​ဘုရာဟောကြား မြတ်တရားကျေးဇူးကြောင့်ပါ" ဆိုပြီး ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။ ရွာထဲဆင်းရင်း စစ်သားတွေနဲ့တွေ့ဆုံခဲ့ရတဲ့ ရဟန်းတစ်ပါးရဲ့အဖြစ်နဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T