သွေးပျက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေတဲ့ ဒီမော့ဆိုလမ်းပေါ်က အိမ်ပုံစံအနေအထားများကို ဗီဒီယိုရိုက်ကာပြသထားတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/24/241220cdcbaa7b407dcf447f0f11adf3dc3ca9a5.jpeg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ KPDF တပ်ဖွဲ့ဝင်များကလည်းပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ မရှိရစေအောင် အတတ်နိုင်ဆုံး ကာကွယ် တိုက်ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။တစ်ဖက်ကလည်း ပြည်သူတွေရဲ့ နေအိမ်များထဲထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေ အသက်ဆုံးရှုံးနေရတာလည်း  ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

စစ်ဘေးရှောင် ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ စားနပ်ရိက္ခာများကိုလည်း တစ်ဖက်မှ မီးရှို့ ဖျက်ဆီးနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချို့ ပြည်သူတွေကလည်း အသက်အန္တရာယ်မှ ကင်းလွတ်အောင် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့နေထိုင်နေကြရပြီ ဖြစ်ပါတယ်။ ကယားပြည်နယ်ရှိ ဒီမော့ဆိုလမ်းကိုတိုက်ပွဲတွေကြောင့် ပိတ်ထားတာ ဖြစ်ပါတယ်။ ဒီနေ့တစ်ရက် လမ်းဖွင့်ပေးတဲ့အတွက် ဒေသခံပြည်သူတစ်ဦးမှအလံဖြူထောင်ပြီး သွားကြည့်ဖြစ်တဲ့အတွေ့အကြုံကို ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

လမ်းတစ်လျှောက်လုံး သွေးပျက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပြီး ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရတာ ဖြစ်တဲ့အတွက် တစ်ချို့အိမ်တွေဆို ဖျက်ဆီးခံထားရတာ ဖြစ်ပါတယ်။ လက်နက်ကြီးကျခံထားရလို့ ပျက်စီးနေတာတွေလည်းရှိပြီး စတိုးဆိုင်နဲ့ဖုန်းဆိုင်တွေလည်း အကုန်ဖောက်ထွင်းခံထားရရုံသာမကဘဲ ရုံးတော်တော်များများလည်း မီးရှို့ခံထားရတာ ဖြစ်ပါတယ်။ ပြည်မတွေမှာ အေးချမ်းသယောင်ရှိနေတာကို မြင်တွေ့နေရတဲ့အတွက်မစာနာပေးနိုင်ရင်တောင် ပျော်ရွှင်စွာသွားလာစားသောက်မနေကြဖို့ မေတ္တာရပ်ခံ ထားတာ ဖြစ်ပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T