ဇွန်လ (၁၀) ရက်နေ့က ပြင်ဦးလွင်သို့ ပျံသန်းသွားတဲ့ စစ်တပ်ပိုင် လေယာဉ်တစ်စင်းကတော့ အနီးစခန်းမှာဆင်းသက်ချိန်တွင် ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။လေယာဉ်ထဲမှာ လိုက်ပါလာခဲ့တဲ့သူတွေထဲမှ (၁၂)ဦးကသေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။ဆုံးပါးသွားတဲ့ထဲမှာ ပျဉ်းမနားမြို့၊စျေးကုန်းကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တကဝိသာရလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးက နိုင်ငံတော်ဩဝါဒါစရိယဘွဲ့ ရရှိထားပြီး သိက္ခာတော်ပြည့်ဝတဲ့ ဘုရားသားတော်တစ်ပါး ဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီး ဘဝနတ်ထံသို့ပျံလွန်တော်မူသွားတာကြောင့် ဒါယကာ၊ဒါယိကာမတွေနဲ့ ပြည်သူလူထုကဝမ်းနည်းနေကြတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့ရုပ်ကလာပ်တော်အား အန္တိမစျာပနာ သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ဥပ္ပါတ္တသန္တိစေတီတော်ဘုရားကြီး အရှေ့ကွင်းသို့ပင့်ဆောင်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ဒါယကာ၊ဒါယိကာမတွေကလည်း ဆရာတော်ဘုရားကြီး အန္တိမစျာပနာပွဲကို လိုက်ပါပို့ဆောင်ပေးကြတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရပါတယ်။
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးကို ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒကလည်း မသင်္ဂြိုလ်ခင်မှာ လာရောက်ဖူးမြော်ခဲ့သေးတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးက သက်တော် (၉၅)နှစ်အထိ သာသနာပြုခဲ့တာဖြစ်ပြီးအခုတော့ ဘဝနတ်ထံသို့ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါတယ်။သာသနာ့ဝန်ကိုထမ်းရွက်နေတဲ့ ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိ စျာပနသဘင်အခမ်းအနားကို ပြည်သူတွေအားလုံး ဖူးမြော်ရအောင်လို့ ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit: Original Uploder
Source&Video Credit: Original Uploder