ကျောင်းပေါက်ဝမှာ ကြိမ်လုံးကိုင်ပြီးစောင့်နေတဲ့ စစ်ကောင်စီကလူတွေကို အထိနာသွားအောင် ပြောလိုက်တဲ့ မေဦးရဲ့စကား

//s9.kh1.co/58/58a9b02352a8425442a5301c59ce13b7ea6d375b.jpeg
အနုပညာရှင်များ

 ၁၄-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မိတ်ကပ်ပညာရှင်ဖြစ်တဲ့ မေဦးကတော့ တော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တစ်သွေးတစ်သားတည်း လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

တတ်နိုင်တဲ့ဘက်ကနေ ရသလောက်ပါဝင်နေတဲ့ မေဦးကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရတဲ့ မေဦးကတော့ လက်ရှိမှာလည်း မျိုးဆက်သစ်လူငယ်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့အပြင် လူမှုကွန်ယက်ပေါ်မှာလည်း လှုပ်ရှားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

မေဦးကတော့ ဒီကနေ့မှာလည်း ကျောင်းဂိတ်ပေါက်ဝမှာ ကြိမ်လုံးကိုင်ပြီးစောင့်နေတဲ့ စစ်ကောင်စီကလူတွေကို အထိနာသွားစေမယ့် စကားတွေနဲ့ ထိထိမိမိ ပြောလိုက်ပြန်ပါတယ်..။

ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းမှာရော အိမ်မှာပါကြိမ်လုံးနဲ့ မရိုက်ဘဲ ကောင်းကောင်းမွန်မွန်ဆိုဆုံးနေကြတာဖြစ်တာကြောင့် အခုလို စစ်ဝတ်စုံနဲ့ ကျောင်းဂိတ်ပေါက်ဝမှာ ကြိမ်လုံးကိုင်ပြီး စောင့်နေတာကို ပြင်းပြင်းထန်ထန်  ရှုံ့ချထားတာ ဖြစ်ပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"တွေ့လား လူဖြစ်ရှုံးသောက်ညဏ်မရှိ

အောလီ စစ်သူပုန်လို့​ပြောတော့နာကြတယ်

နိုင်ငံတကာမှာ ကျောင်းမှာမပြောနဲ့ အိမ်မှာတောင်သားသမီးကိုကြိမ်လုံးနဲ့ မရိုက်ပဲ ကောင်းကောင်းမွန်မွန် လူလိုသူလို ဆိုဆုံးမနေကြပြီ

အခုတော့ပုံထဲက ချီးဦးနှောက်နဲ့အကောင်က

မဆီမဆိုင်ဝင်ပြီး ကြိမ်လုံးနဲ့  အပေါက်ဝမှာ ဂိတ်စောင့်နေတယ် 

ရွံလိုက်တာ?

ကြိမ်လုံးပဲကိုင်ထားတာရိုက်တာတွေ့လို့လား

လာမပြောနဲ့နော်ဘောငုံဘောမတွေကြိမ်လုံးကိုင်စရာဘာသောက်ကြောင်းမှကိုမရှိတာ.." ဆိုပြီး မေဦးက ရေးသားထားတာ ဖြစ်ပါတယ်..။

အများပြည်သူကျောင်းသားမိဘတွေအနေနဲ့လည်း အခုလိုအချိန်မျိုးမှာ သားသမီးတွေဘေးကင်းလုံခြုံစေဖို့ အဓိကဦးစားပေးသင့်ကြောင့် ပြည်သူတွေက တိုက်တွန်းထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်း အရင်းအမြစ်May Oo's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T