အမျိုးသမီးတွေကို သတ်ပြီး အသားကိုစားနေခဲ့တဲ့ မက္ကဆီကိုနိုင်ငံသား

//s9.kh1.co/8b/8b2b4889522e3119e71691e4c41256e0e186cdeb.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မက္ကဆီကို နိုင်ငံက Andres လို့ခေါ်တဲ့ အမျိုးသားဟာ အမျိုးသမီးတွေကို သတ်တဲ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ဖြတ်တောက်ပြီး စားသုံးနေသူတစ်ယောက်လို့ သိရပါတယ်။

၄င်းအမျိုးသားဟာ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး အမျိုးသမီးတွေကို သတ်ပီးစားနေခဲ့တာ အတော်ကြာခဲ့ပါပြီ ဖြစ်သလို သတ်ခဲ့တဲ့အရေအတွက်ကလည်း အယောက် ၂၀ ဝန်းကျင်လောက်ရှိနေပါပြီ။

https://s9.kh1.co/__image/w=650,h=813,q=100/be/bede545c651e6c24d8ff570a96ef86a02073f1f9.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/e2/e2469555c7cf7a0ff001c860ff98e258d9511a2d.jpg

Andres ကိုတော့ ပြီးခဲတဲ့ မေလထဲမှာ ရဲဝန်ထမ်းတစ်ဦးရဲ့ မိန်းမကို သတ်ဖြတ်မှုကြောင့် ဖမ်းမိခဲ့တာ ဖြစ်ပြီး သူ့ကိုဆက်လက်စုံစမ်းစစ်ဆေးရာမှ ဒီလိုကြောက်စရာကောင်းတဲ့ အဖြစ်အပျက်အကြောင်း သိခဲ့ရတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့အိမ်ကို ရှာဖွေ စစ်ဆေးကြည့်တဲ့အခါမှာလည်း အရိုးပေါင်း ၃၇၀၀ ကျော်လောက်ကို အိမ်ကြမ်းပြင်အောက်က မြေကြီးထဲမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒီအရိုးတွေကိုကြည့်ခြင်းအားဖြင့် သူတို့တွေဟာ အသတ်ခံရပြီးမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ခံခဲ့ရပုံပါပဲ လို့လည်းသိရပါတယ်။

https://s9.kh1.co/__image/w=615,h=568,q=100/9d/9d6ba7a1ce59c62c2ff397ac2a7610b27ab7984a.jpg
https://s9.kh1.co/__image/w=650,h=433,q=100/be/be1bcb9325c4fa8da79daea975b87f7721f69138.jpeg

၄င်းအမျိုးသားဟာ သူသတ်ခဲ့တဲ့အမျိုးသမီးတွေထဲက အလှဆုံးတစ်ယောက်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာအရေခွံကိုခွာပြီး သိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အသတ်ခံရတဲ့ အမျိုးသမီးတွေးရဲ့ လက်ဝတ်ရတနာတွေ ၊ id cards တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ၄င်းအမျိုးသားရဲ့ အိမ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ Andres ရဲ့အမှုကို တရားရုံးမှာ ကြားနာစစ်ဆေးနေပြီး အပြစ်ဒဏ်တော့မချမှတ်ရသေးဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/1a/1ab404a60a35820608860695bc9265463292f88b.jpg
https://s9.kh1.co/__image/w=615,h=345,q=100/97/97d9f1e863254f89b547ddfaf12ec9e0038a30b8.jpg

သတင်း အရင်းအမြစ်Daily Star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T