ဒဏ်ရာရရှိသူများရှိနေခဲ့တဲ့ ရန်ကုန်မြို့၊ကမ်းနားလမ်းနဲ့ ဘားလမ်းထောင့်က ကား၄စီးဆင့်တိုက်မှုဖြစ်စဥ်

//s9.kh1.co/39/390894286d7c048d0eb8d664e30f73e6ac191c4c.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ဒဏ်ရာရရှိသူများရှိနေခဲ့တဲ့ ရန်ကုန်မြို့၊ကမ်းနားလမ်းနဲ့ ဘားလမ်းထောင့်က ကား၄စီးဆင့်တိုက်မှုဖြစ်စဥ်

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ မိုးတွေဆက်တိုက်ရွာသွန်းနေခဲ့တာပဲဖြစ်ပြီး အဆိုပါမိုးရွာသွန်းမှုတွေကြောင့် အခြေခံလူတန်းစားတွေ၊တိုင်းရင်းသားဒေသမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် ယာဥ်အသွားအလာအလွန်များတဲ့ ရန်ကုန်လိုမြို့ကြီးတွေမှာ ယာဥ်မတော်တဆမှုတွေမကြာခဏဖြစ်ပွားနေခဲ့ပါတယ်။

Photo Credit: Original Uploder  
Photo Credit: Original Uploder  

ယနေ့မှာတော့ ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ ဘားလမ်းထောင့်မှာ ကား၄စီးဆင့်တိုက်မှု ဖြစ်ပွားသွားခဲ့ပါတယ်။ ယနေ့ညနေ၃နာရီအကျော်လောက်မှာ အခုလိုယာဥ်တိုက်မှုဖြစ်ပွားသွားခဲ့တာဖြစ်ပြီး အဆိုပါကား၄စီးဆင့်တိုက်မှုကြောင့် လူသေဆုံးမှုမရှိပေမယ့် ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိနေတယ်လို့ သိရပါတယ်။ ယခုလိုမိုးရာသီအချိန်အခါမှာ လမ်းချော်မှု၊အရှိန်မထိန်းနိုင်မှုတွေကြောင့် ယာဥ်တိုက်မှုတွေမကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  
Photo Credit: Original Uploder  

ပြီးခဲ့တဲ့ ဇွန်လ(၁၂)ရက်နေ့ ည(၇:၄၀)အချိန်ကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ညောင်တုန်းလမ်းမကြီး တံတားဖြူမှတ်တိုင်အနီးမှာ ရဲကား နှင့် TAXI ကားတို့ တိုက်မိပြီး ယာဉ်တိုက်မှုဖြစ်ပွားသွားခဲ့​သေးတာပဲဖြစ်ပါတယ်။ မိုးတွေဆက်တိုက်ရွာသွန်းနေတဲ့ ယခုလိုအချိန်အခါမှာ ယာဥ်မောင်းနေတဲ့ ပြည်သူတွေအနေနဲ့ အမြဲသတိရှိရှိမောင်းနှင်ကြဖို့နဲ့ အရှိန်လျော့မောင်းနှင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : Original Uploder  

Photo Credit: Original Uploder  
Photo Credit: Original Uploder  
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T