မိုးထဲလေထဲမှာ ခိုက်ခိုက်တုန်အောင်ချမ်းနေကြပေမယ့် ကူကယ်ရာမဲ့စွာပြေးလွှားပုန်းခိုနေရရှာတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ရင်နာစရာမြင်ကွင်း

//s9.kh1.co/0c/0c2894b5b086568159ef1ea5f89924227e55a765.jpeg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

အခုလိုမိုးတွင်းအချိန်ကာလမှာ စစ်ဘေးရှောင်ပြည်သူတွေကတော့ ပြောပြလို့တောင် မရနိုင်တဲ့ ဆင်းရဲဒုက္ခတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ဖြတ်သန်းကာ အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရုန်းကန်နေကြရတာ ဖြစ်ပါတယ်..။

သာမာန်ပြည်သူတွေ နွေးနွေးထွေးထွေးနဲ့ အိပ်ယာထဲမှာ နေနေကြတဲ့အချိန် စစ်ဘေးရှောင်ပြည်သူတွေကတော့ ဗုံးသံ သေနတ်သံတွေ ကင်းလွတ်ရာ တောတောင်ထဲမှာ စစ်ဘေးရှောင်ရင်း မိုးထဲလေထဲ အေးချမ်းမှုဒဏ်တွေကို ခိုက်ခိုက်တုန်အောင် ကြုံတွေ့ခံစားနေကြရတာဟာ တကယ်ကို စိတ်မကောင်းစရာပါပဲ..။

Photo Credit
Photo Credit
Photo Credit
Photo Credit

တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြပြီး ဒေသခံပြည်သူတွေဖြစ်တဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှ စစ်ဘေးရှောင်ပြည်သူတွေကလည်း မိုးလေထဲ ဘေးလွတ်ရာ ပြေးလွှားပုန်းခိုနေကြတာ တွေ့ရပါတယ်..။

ဒီကနေ့ ဇွန်လ(၁၄) ရက်နေ့မှာတော့ ရန်ကုန်သာမက တောင်တန်းဒေသတွေမှာပါ မိုးသည်းထန်စွာ အဆက်မပြတ်ရွာနေပြီး စစ်ဘေးရှောင်နေကြတဲ့ သက်ကြီးရွယ်အို အမယ်အိုတွေနဲ့ အမျိုးသမီးများအပြင် မိခင်နဲ့ ကလေးငယ်လေးတွေကိုပါ ကူကယ်ရာမဲ့စေခဲ့ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit

အိုးအိမ်နေရပ်ရှိနေပါလျက်နဲ့ တိုက်ပွဲတွေကြောင့် မိုးထဲလေထဲ ကလေးလူကြီးမရွေး အထုတ်အထမ်းတွေကိုယ်စီနဲ့ နေရာရွှေ့ပြောင်းနေကြရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ဒုက္ခတွေကတော့ ရင်နာစရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းလွန်းလှပါတယ်..။

ပြည်သူတွေကတော့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကိုယ်ချင်းစာတရားတွေနဲ့ တတ်နိုင်သလောက် ဖေးမကူညီကာ လှူဒါန်းမှုတွေ ပြုလုပ်နေပေမယ့် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ဘေးရှောင်တွေဆီ လိုအပ်သလောက် အရောက်မပို့နိုင်တာတွေလည်း ရှိနေတာ တွေ့ရပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T