လက်နက်ကိုင်တိုင်း ရမ်းကားတဲ့ လုပ်ရပ်တွေ ဘယ်တော့မှ မလုပ်ကြင်နာတတ်တဲ့ နှလုံးသားအပြည့် ရှိတယ်လို့ ရင်ဖွင့်လာတဲ့ PDF လေးတစ်ဦး

//s9.kh1.co/88/8898de4e32ee6c8716231e2010de878ccf805da2.jpeg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

......

GZ လို့ခေါ်တဲ့ လူငယ် မျိုးဆက်သစ်တွေကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင် ဦးဆောင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ သူက လမ်းမပေါ်ထွက်ကာ ရဲရဲဝင့်ဝင့် ပြသလို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ သူတွေကလည်း တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အတွက် လွတ်မြောက်နယ်မြေက တိုင်းရင်းသား အဖွဲ့အစည်းတွေဆီမှာ စစ်သင်တန်း တက်ရောက်ကာ ရှေ့တန်းကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ် ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်အားလုံးကတော့ ရည်မှန်းချက်တွေ ၊ အိမ်မက်တွေ နဲ့  အတတ်ပညာကိုယ်စီ ရှိကြပေမယ့် ဒီလိုအခြေအနေတွေမှာတော့ သူတို့ရဲ့ အိမ်မက်တွေကို စွန့်လွှတ်ကာ တော်လှန်ရေးကြီးအတွက် ပါဝင်နေကြတာဖြစ်ပါတယ်။တောထဲမှာ စစ်သင်တန်း တတ်ရောက်နေတဲ့ လူငယ်တွေ ဆိုရင်လည်း အရင်က လွတ်လပ်ပျော်ရွှင်စွာ ပေါ့ပေါ့ ပါးပါး ဖြတ်သန်းခဲ့ကြပေမယ့် ခုဆို တောတောင်ထဲမှာ အဆင်ပြေသလို စားသောက် နေထိုင်နေကြရတာပါ ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလည်း အရင်က ကင်မရာကိုင်ကာ ဝါသနာတွေကို အကောင်းဆုံး အကောင်ထည်ဖော်ခဲ့တဲ့ လူငယ်လေးတစ်ဦးက ခုဆို လက်နက်ကိုင်ကာ စစ်သင်တန်းတက်ရောက်လျက်ရှိပါတယ် ။ ဒီလို စစ်သင်တန်းတက်ရောက်ပြီး လက်နက်ကိုင်ဆောင်တိုင်း ရမ်းကားတဲ့ လုပ်ရပ်တွေ ဘယ်တော့မှ မလုပ်ကြောင်းနဲ့ GZ တိုင်း ကြင်နာတတ်တဲ့ နှလုံးသားရှိကြောင်း သူရဲ့ ခံယူချက်လေးကို " သေနက်ကိုင်တိုင်း ရမ်းကားတဲ့အလုပ် ငါတို့မလုပ်ဖူး ငါတို့ GZ တွေမှာ ကြင်နာတတ်တဲ့  နလုံးသားရှိတယ် လူသားဆန်တဲ့ စိတ်ရှိတဲ့သူတွေမို့ ရက်စက်တက်တဲ့ စိတ်နဲ့ ကြင်နာတက်တဲ့စိတ်ကို သီးခြားခွဲနိင်တယ် တန်ရာတန်ရာခံစားစေရမယ် ငါတို့ရဲ့အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ မင်းတို့ သတ်ခဲ့တာတွေမြင်ရင် ဝမ်းနည်းလို့  ငိုချင်ငိုလိုက်မယ် ဒါပေမဲ့ မင်းတို့ကို လက်စားပြန်ချေဖို့ အတွက် ငါတို့စိတ်တွေ  မပျော့ညံ့ဘူးဆိုတာ မင်းတို့အလှည့်ကြရင် စောင့်ကြည့်လိုက် " ဆိုပြီး ရေးသားဖော်ပြထားရာ ဖတ်ပြီး လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T