ရေဝပ်နေတဲ့တဲပျက်ထဲမှာ ကျောခင်းစရာနေရာတောင်မရှိလို့ ပုခက်ထိုးပြီး အိပ်ရတဲ့သူတို့ရဲ့ဘဝတွေကို လက်တွေ့ပြသလာတဲ့လူငယ်တစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/dc/dcb7361136a4273030315c9e87add4e84d1b1f54.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ရေဝပ်နေတဲ့တဲပျက်ထဲမှာ ကျောခင်းစရာနေရာတောင်မရှိလို့ ပုခက်ထိုးပြီး အိပ်ရတဲ့သူတို့ရဲ့ဘဝတွေကို လက်တွေ့ပြသလာတဲ့လူငယ်တစ်ဦးရဲ့ဗီဒီယို

ပြည်သူတွေကတော့ အရေးတော်ပုံအောင်ရမယ်ဆိုတဲ့စိတ်နဲ့ အခုချိန်အထိတိုင်အောင် ဇွဲမလျှော့ဘဲ ရှေ့ဆက်ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ ရဲစွမ်းသတ္တိရှိပြီး အနစ်နာခံစိတ်ရှိကြတဲ့ လူငယ်တွေကလည်း ပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်ပညာသင်ယူနေကြတာ ဖြစ်ပါတယ် ။ KNU တပ်ဖွဲ့ရဲ့ရင်ခွင်မှာ ခိုလှုံနေတဲ့ ရန်ကုန်မြို့က လူငယ်တစ်ဦးကတော့ သူဝါသနာပါတဲ့ ဓာတ်ပုံဆရာဘဝကို စွန့်လွှတ်ပြီး တောထဲတောင်ထဲကို ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူကတော့ တောထဲကိုရောက်ရှိနေတဲ့ အချိန်မှာတောင် ပြည်သူတွေ စိတ်ဓာတ်မကျစေဖို့အတွက် အားပေးစကားတွေ ပြောကြားပေးခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း အဲ့ဒီလူငယ်လေးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး စကားပြောထားတာ ဖြစ်ပါတယ် ။ သူ့အနေနဲ့ စစ်ပညာတွေ ထပ်မံသင်ယူဖို့အတွက် တစ်လကြာအောင် သင်တန်းသွားတက်ရတော့မှာ ဖြစ်တာကြောင့် သူ့ကိုစိတ်မပူကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် ယခုလက်ရှိမှာ သူတို့ရဲဘော်တွေနေနေရတဲ့ တဲရဲ့အခြေအနေကို ပြသလိုက်ပြီး မြို့ပေါ်မှာ အပျော်အပါး လိုက်စားနေတဲ့သူတွေအနေနဲ့ ကိုယ်ချင်းစာပေးကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။ ပြည်သူတွေဘက်ကလည်း PDF တွေအတွက် တတ်နိုင်သလောက် ပါဝင်ပေးကြပါဆိုပြီး မေတ္တာရပ်ခံထားတာလည်း ဖြစ်ပါတယ် ။ တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးအတွက် ကြိုးစားပေးနေတဲ့ လူငယ်လေးကတော့ ဒီလိုဘဝမျိုးရောက်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေသိအောင် သူပြောချင်တဲ့စကားတွေကို Live လွှင့်ပြီး ပြောကြားခဲ့တဲ့ လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T