မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့်အရပ်သား ၄၇ဦးကိုဖမ်းဆီးပြီးနောက် ၂၅ဦးကို ပစ်သတ်ခဲ့တဲ့ KNDO

//s9.kh1.co/80/8072a8311b60b758f06cc5d9243247b966d44b90.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် အရပ်သား (၄၇) ဦးအား KNDO အဖွဲ့မှ ဖမ်းဆီးပြီးနောက် (၂၅) ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီတပ်မှ သတင်းများက ဖော်ပြခဲ့ပါတယ်။ ထိုသတ်ဖြတ်မှုအပေါ် KNDO ၏ ရှင်ပြချက်အရ အသွင်ယူ စစ်ထောက်လှမ်းရေးသမားများဖြစ်သည့်အတွက် လမ်းစဉ်အတိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့၊ ကနဲလေးကျေးရွာအနီး ကနဲလေး- မော်ခီးသွားကားလမ်းပေါ်ရှိ အူးဟူ ချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အရပ်သား အလုပ်သမား (၄၇) ဦးအား မေ (၃၁) ရက်တွင် KNDO အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ စောပါဝါး ဦးစီးသည့်အဖွဲ့က အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်ပြီး အချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီတပ်၏ သတင်းများက ကြေငြာခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

KNDO ၏ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးမှ ထိုကိစ္စနှင့်ပတ်သတ်၍ ဇွန်လ (၁၂) ရက်နေ့က ဖြေဆိုရာတွင် တံတားဆောက်လုပ်ရေးလုပ်သားများအဖြစ် အသွင်ယူထားသည့် ထောက်လှမ်းရေးသမားများကို စစ်ယူနီဖောင်းသက်သေများဖြင့် KNDO ဘက်က လုံခြုံရေးအရထိန်းသိမ်းထားခဲ့ရကြောင်း ဖြစ်ပြီး ကျန်သည့်ကိစ္စများမှာ လမ်းစဉ်အတိုင်းသာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ “အဓိက ကတော့ သူတို့ကို ယူနီဖောင်းနဲ့ တကွ ရာထူးရာခံတွေတွေ့တယ်၊ ကလေးတွေနဲ့ သူတို့မိသားစုတွေကတော့ လုံခြုံရေးအရ ထိန်းသိမ်းထားတယ်၊ ပြီးရင် ပြန်ပို့မယ် ။ တခြားဟိုဟာတွေက စစ်ဆေးချက်အရဖြစ်တဲ့အတွက် သူ့လမ်းစဉ်အတိုင်းသူလုပ်သွားတယ်။ တစ်ခုမကျန်အစီအစဉ် စနစ်တကျလုပ်သွားတာဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် စစ်မှာတော့ မတရားတာမရှိပါဘူး ဒါကတော့ ဖြစ်လေ့ဖြစ်ကြတဲ့အရာပါပဲ” ဟု ပြောကြားခဲ့ပါတယ်။

Source & Photo Credit-Orginal Upload

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T