စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ မတက်ကြတဲ့ ကလေးငယ်လေးတွေအတွက် အင်္ဂလိပ်စာနဲ့ကွန်ပျူတာကို အခမဲ့သင်ကြားပေးနေတဲ့ ပြည်သူများ

//s9.kh1.co/41/4183dda1f3755fc54312a8285dd9e58ac803d540.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ မတက်ကြတဲ့ ကလေးငယ်လေးတွေအတွက် အင်္ဂလိပ်စာနဲ့ကွန်ပျူတာကို အခမဲ့သင်ကြားပေးနေတဲ့ ပြည်သူများ

စစ်ကောင်စီက ဖွင့်လှစ်တဲ့စာသင်​ကျောင်းတွေမှာ ကျောင်းမထားချင်ကြတဲ့ ကျောင်းသားမိဘတွေများစွာရှိနေသလို ဗုံးပေါက်ကွဲပြီး သားသမီးတွေထိခိုက်မှာစိုး၍ ကျောင်းမထားကြတဲ့ မိဘတွေလည်းရှိနေခဲ့ပါတယ်။ ယခုဆိုရင်မြန်မာနိုင်ငံတစ်ဝှမ်းက စာသင်ကျောင်းတွေမှာ ကျောင်းတတ်နေကြတဲ့ ကျောင်းသူကျောင်းသားအရေအတွက်ဟာ အနည်းငယ်သာရှိနေခဲ့ပါတယ်။ ယနေ့မှာတော့ ပြည်သူတွေဟာ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ မတက်ကြတဲ့ ကလေးငယ်လေးတွေအတွက် အင်္ဂလိပ်စာနဲ့ကွန်ပျူတာကို အခမဲ့သင်ကြားပေးနေကြပါတယ်။

Photo Credit  -Orginal Upload
Photo Credit -Orginal Upload
Photo Credit  -Orginal Upload
Photo Credit -Orginal Upload
Photo Credit  -Orginal Upload
Photo Credit -Orginal Upload

KNU တပ်မဟာ (၆ )နယ်မြေ. ဒူးပလာယာခရိုင် လေးကေကော်မြို့သစ်မှာ အဆိုပါအခမဲ့ကျောင်းလေးကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အနီးပတ်ဝန်းကျင်ရွာတွေမှာရှိတဲ့ ကလေးငယ်တွေများစွာလာရောက်ပြီး သင်ကြားနေကြပါတယ်။အဆိုပါကျောင်းမှာ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကို သင်ကြားပေးနေတာဖြစ်ပြီး ယခုဆိုရင်ကျောင်းသူကျောင်းသား(၄၀၀)ကျော်အထိ လာရောက်ကျောင်းတတ်နေကြပြီဖြစ်ပါတယ်။ရှိတာလေးတွေနဲ့ အဆင်ပြေအောင်ပြုလုပ်ပြီး အခမဲ့ပညာသင်ကြားပေးနေကြသူတွေကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။

Photo Credit  -Orginal Upload
Photo Credit -Orginal Upload
Photo Credit  -Orginal Upload
Photo Credit -Orginal Upload
Photo Credit  -Orginal Upload
Photo Credit -Orginal Upload

ပြည်သူတစ်ဦးကတော့ " KNU တပ်မဟာ (၆)နယ်မြေ ဒူးပလာယာခရိုင် လေးကေကော်မြို့သစ်တွင် အနီးနားပတ်ဝန်းကျင် ရွာများရှိ စကစ မှ ဖွင့်လှစ်သည့် ကျောင်းမတက်ရောက်သည့် ကလေးများအား ကွန်ပျူတာနှင့် အင်္ဂလိပ်စာ သင်တန်းပို့ချနေတဲ့ပုံများ ဖြစ်ပါသည် လက်ရှိကျောင်းသားဦးရေ (400)ကျော်ရှိနေပြီ ဖြစ်ပါသည် မည်သူမဆို ကျောင်းလာအပ်နှံနိုင်ပါသည် ရှိတာလေးနဲ့ အဆင်ပြေအောင် ကလေးတွေပညာရေး စတင်လုပ်ဆောင်နေခြင်းဖြစ်သဖြင့် လိုအပ်ချက်များရှိပါက ပါဝင်ပူးပေါင်းကူညီအကြံဥာဏ်များ ပေးနိုင်ကြပါသည် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ပြည်သူတွေဖွင့်ပေးထားတဲ့ ကျောင်းမှာ စာလာသင်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source -Orginal Upload

Photo Credit  -Orginal Upload
Photo Credit -Orginal Upload
Photo Credit  -Orginal Upload
Photo Credit  -Orginal Upload
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T