အကြွေးတွေများလို့ ကြိုးဆွဲချသတ်သေသွားတဲ့ ဇနီးဖြစ်သူအဖွားအတွက် ဖြေမဆည်နိုင်အောင် စိတ်မကောင်းဖြစ်ကာ အိပ်ယာထဲလဲနေရှာတဲ့ အဖိုး

//s9.kh1.co/10/10c84636563342cffc6f7ddd7a2b12af91e37347.jpeg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေကြောင့် ပြည်သူတွေကတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာကတော့ တော်တော်များများပါပဲ..။

အခုလို စီးပွားရေးတွေအပြင် အရာရာခက်ခဲကြပ်တည်းနေကြတဲ့ ကာလကြီးမှာ သာမာန်လူတန်းစားတွေအနေနဲ့ စားနိုင်သောက်နိုင်သလောက်ရှိပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေအတွက်ကတော့ စားဝတ်နေရေးအတွက် ချေးဌားပြီး ဝမ်းရေးအတွက် ရင်ဆိုင်ဖြေရှင်းနေကြရတာတွေလည်း ရှိပါတယ်..။

Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc

ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေးခက်ခဲတဲ့အပြင် အကြွေးတွေများလွန်းဒဏ်တွေကြောင့် အသက်(၅၈)နှစ်အရွယ် အဖွားတစ်ယောက်ဟာ လေဖြတ်ပြီးစကားတောင် မပြောနိုင်တဲ့ ခင်ပွန်းဖြစ်သူကို ခွဲခွာကာ မိမိကိုယ်ကို ကြိုးဆွဲချသတ်သေသွားခဲ့တယ်လို့ သိရပါတယ်..။

အဖိုးနဲ့ အဖွားဟာ စက်ဘီးဆိုင်ကယ်တွေကို ဖာပေးပြီး ဝမ်းရေးအတွက် ဖြစ်သလို စားသောက်နေထိုင်နေကြရှာကာ အဖိုးကတော့ သတ်သေသွားတဲ့ ဇနီးဖြစ်သူအဖွားအတွက် ဖြေမဆည်နိုင်အောင် စိတ်မကောင်း ဖြစ်နေရှာပါတယ်..။

Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc

ဇနီးဖြစ်သူအတွက် ယူကြုံးမရဖြစ်ပြီး ရောဂါတိုးနေရှာတဲ့ အဖိုးကတော့ ကျန်းမာရေးအခြေအနေလည်း မကောင်းတာမို့ စေတနာရှင် သရုပ်ဆောင်မေနွယ်ထွန်းကလည်း တတ်နိုင်သလောက် ဖေးမကူညီလှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

ကွယ်လွန်သွားတဲ့ အဖွား ဒေါ်ပိုင်ရဲ့ ဈာပနကိုတော့ ဒီကနေ့ ဇွန်လ(၁၄)ရက်နေ့မှာပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ဘဝတွေမှာ အခုလို အဖြစ်ဆိုးမျိုးနဲ့ ဝေးစေဖို့ ပြည်သူတွေကလည်း စိတ်မကောင်းစွာ ဆုတောင်းပေးထားကြပါတယ်..။

Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc

သတင်း အရင်းအမြစ်May Nwe Htun's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T