စစ်ဘေးရှောင်တွေကို ကူညီဖို့သွားရင်းနဲ့ လမ်းချော်ပြီး ချောက်ထဲကျခါနီးမှ သေကံမရောက် အသက်မပျောက်ခဲ့တဲ့အဖြစ်ကို ပြောပြလာတဲ့ဆရာတော်တစ်ပါး

//s9.kh1.co/4d/4ddf968eff32a8293f748cc0b2e50bab8d628608.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

စစ်ဘေးရှောင်တွေကို ကူညီဖို့သွားရင်းနဲ့ လမ်းချော်ပြီး ချောက်ထဲကျခါနီးမှ သေကံမရောက် အသက်မပျောက်ခဲ့တဲ့အဖြစ်ကို ပြောပြလာတဲ့ဆရာတော်တစ်ပါး

အားနွဲ့သူကို ဖေးမပေးတတ်ကြတဲ့ ပြည်သူတွေက ဒီလိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက် အားပေးကူညီရင်းနဲ့ ရှေ့ဆက်နေကြတာ ဖြစ်ပါတယ် ။ နယ်ဒေသမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက်လည်း စေတနာရှင်တွေက ရရာနည်းလမ်းနဲ့ တတ်နိုင်သလောက် ကူညီနေကြတာ ဖြစ်ပါတယ် ။ ရွှေပါရမီပညာဒါနရဲ့ တာဝန်ခံဆရာတော်ဖြစ်တဲ့ အရှင်သီဟဥာဏကတော့ စစ်ဘေးရှောင်ပြည်သူတွေကို လိုက်လံကူညီနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page

ဒီနေ့မှာဆိုရင်လည်း အရှင်သီဟဥာဏက ကယားပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့အတွက် ကားနဲ့ခရီးထွက်လာခဲ့တာ ဖြစ်ပါတယ် ။ မဲ့ဟောင်ဆောင်တောင်ပေါ်လမ်းကို တက်ရတဲ့အခါမှာတော့ ဆရာတော်စီးလာတဲ့ကားက လမ်းချော်ပြီး ယာဥ်မတော်တဆမှု အသေးစားတစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ ကွေ့တွေများတဲ့အပြင် မိုးရွာထားတာကြောင့် လမ်းတွေကချော်နေတဲ့အချိန်မှာ ဆရာတော်တို့ကားက အရှိန်နဲ့ လည်ထွက်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page

ဒါပေမဲ့ "တပည့်ကျော်ကြီးရဲ့ သတိနဲ့ ကျွမ်းကျင်မှုတွေကြောင့် ဘယ်ဘက် ချောက်ထဲ ထိုးကျမယ့်အစား ညာဘက်ကို ယူလိုက်လို့ ကားလည်ထွက်သွားခဲ့ပြီး နောက်ဆုံးမှာ ဘယ်ဘက်က လမ်းဘေး အထိန်းတိုင်ကိုပဲ ပြန်တိုက်ပြီး ရပ်သွားခဲ့တယ်" လို့ ဆရာတော်က ဖြစ်စဥ်ကို ပြောပြထားတာ ဖြစ်ပါတယ် ။ ကားလည်းကြီးကြီးမားမား မထိခိုက်သွားသလို ဆရာတော်တို့လည်း ဒဏ်ရာမရခဲ့တာကြောင့် အခုဆိုရင် မိုးရွာထဲမှာ ကားကိုထိန်းမောင်းရင်း ကယားစစ်ဘေးရှောင်တွေဆီ ခရီးဆက်နေပြီပဲ ဖြစ်ပါတယ် ။ ဆရာတော်ကတော့ သေကံမရောက် အသက်မပျောက်ခဲ့တဲ့ သူ့ရဲ့အဖြစ်ကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page

Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Photo Credit-"ရွှေပါရမီ ပညာဒါန-ထိုင်းနိုင်ငံ" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T