Russia နိုင်ငံက Marina Pankratova လို့ခေါ်တဲ့ အသက် ၂၆ နှစ်အရွယ်ကောင်မလေးတစ်ဦးဟာ သူမရဲ့ wedding day မတိုင်ခင် တစ်ရက်အလိုမှာ အသတ်ခံခဲ့ရပါတယ်။
Marina ကိုသတ်ခဲ့တာကတော့ အခြားသူမဟုတ်ပါဘူး။သူမရဲ့ သတို့သားလောင်း Alexander Voronin ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
Marina Pankratova ရဲ့အလောင်းကိုတော့
ကြောက်မက်ဖွယ်ရာ ဒဏ်ရာတွေနဲ့ အိပ်ရာပေါ်မှာတွေ့ခဲ့ရပြီး အဝတ်အစားတွေလည်း ကင်းမဲ့သလို ဖြစ်နေခဲ့ပါတယ်။
သူမရဲ့ မျက်နှာဟာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ပြီး ဦးခေါင်းခွံကလည်း အရိုက်ခံထားရတာကြောင့် ကွဲနေခဲ့ပါတယ်။
ဒါ့အပြင် သူမရဲ့ ခြေလက်တွေနဲ့ ခန္ဓာကိုယ်ကလည်း အကန်ခံ အထိုးခံထားရတာကြောင့် ဒဏ်ရာတွေ ဗလပွ ဖြစ်နေခဲ့ပါတယ်။
ဘာ့ကြောင့်အခုလို လုပ်လဲသေချာမသိရပေမယ့်
မသေဆုံးခင်မှာ ရက်ရက်စက်စက်ရိုက်နှက် နှိပ်စက်ခံရတဲ့ Marina ရဲ့အလောင်းကတော့
မြင်ရတာ တော်တော်လေးဆိုးရွားနေခဲ့တယ်လို့ သိရပါတယ်။
သေဆုံးနေတဲ့ Marina ရဲ့အလောင်းကိုတွေ့ခဲ့တာကတော့ Voronin ရဲ့အမေဖြစ်ပြီး ရဲကိုအကြောင်းကြားခဲ့ရာကနေ Voronin လည်းအဖမ်းခံခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ Voronin ကိုတော့ အပြစ်ဒဏ်အနေနဲ့ ထောင် ၁၄ နှစ်ခွဲ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ The Sun