ကိုရီးယားမှာ မြန်မာနိုင်ငံမြေပုံကို လူများဖြင့်သရုပ်ဖော်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြွေးကြော်ခဲ့ကြတဲ့ ပြည်သူများ

//s9.kh1.co/e2/e28dc5252528e42ab59ed95346e7b60b41d08ee1.jpeg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

တော်လှန်ရေးတိုက်ပွဲကြီးမှာ အရေးတော်ပုံအောင်မြင်ဖို့အတွက် မျိုးဆက်သစ်လူငယ်တွေ အားလုံးတစိုက်မတ်မတ်ကြိုးစားနေကြသလို မိဘပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေကြတာ ဖြစ်ပါတယ်..။

​ပြည်တွင်းမှာ အသက်ပေးကျဆုံးမှုတွေရှိပေမယ့်လည်း အားမလျော့ သွေးမအေးသွားကြဘဲ ဆက်လက်တိုက်ပွဲဝင်နေသလို ပြည်ပရောက် မြန်မာနိုင်ငံသားပြည်သူတွေကလည်း နိုင်ငံအသီးသီးကနေ အမိမြေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားတော်လှန်နေကြတာလည်း တကယ်ကို အားတက်စရာကောင်းလွန်းပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

ဇွန်လ(၁၃)ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့ (Global Action for Myanmar Spring Revolution) မှာ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း ပါဝင်ဆင်နွှဲခဲ့ကြတာ တွေ့ရပါတယ်..။

ကိုရီးယားနိုင်ငံ ဒယ်ဂျွန်းဘူတာရှေ့မှာ မြန်မာနိုင်ငံမြေပုံကို လူများဖြင့် သရုပ်ဖော်ပြခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော်ခြင်း၊ သီချင်းများကို သီဆိုကြကာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

ကိုရီးယားအပြင် ဂျပန်နဲ့ အခြားနိုင်ငံတွေကို ရောက်ရှိနေကြသူတွေကလည်း အခြေအနေတွေအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို ပြန်မရောက်လာနိုင်ကြပေမယ့် နေ့တိုင်းလိုလို စစ်အာဏာရှင်ကို နည်းအမျိုးမျိုးနဲ့ တော်လှန်နေပြီး အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေကြတာလည်း ဖြစ်ပါတယ်..။

ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ ကြိုးစားမှုတွေကတော့ ပြည်တွင်းမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ မျိုးဆက်သစ်လူငယ်တွေအပြင် အဘက်ဘက်ကနေ ပါဝင်နေကြသူတွေအတွက် တကယ်ကို အင်အားတစ်ရပ်ဖြစ်စေတာ အမှန်ပါပဲ..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T