ယူနီဖောင်းတွေ ချွတ်ပြီးထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ဗီဒီယိုရိုက်ပြီး ပြသလာတဲ့ KPDF အဖွဲ့ဝင်တစ်ဦး

//s9.kh1.co/e4/e4be31945e959bb53311e44dd947c2cc0124a13a.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရှိ အချို့မြို့များတွင် ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ စစ်ကောင်စီတပ်များ တိုက်ပွဲတွေ ဖြစ်ပွားလျက် ရှိနေတာ ဖြစ်ပါတယ်။ ကယားပြည်နယ်တွင်လည်း နေ့စဉ်နဲ့အမျှ မငြိမ်းချမ်းသေးတာကြောင့် အခြားမြို့များရှိ ပြည်သူများမှ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများကို ထောက်ပံ့လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။ KPDF တပ်ဖွဲ့ ဝင်များကလည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ အတတ်နိုင်ဆုံး ဆုံးရှုံးမှုနည်းစေရန် ကြိုးစားကာကွယ်တိုက်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မနေ့က KPDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာကို တွေ့ရပါတယ်။ ဒါကတော့ယူနီဖောင်းတွေ ချွတ်ပြီးထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ဗီဒီယိုရိုက်ပြီးပြသလာတာ ဖြစ်ပါတယ်။ သူကလည်း " ဂါထာတော်တွေ ဘယ်လောက်ပဲ ဆောင်ခိုင်းထားပါစေ၊ မတရားသောအရာကို လုပ်နေရသ၍ ဂါထာတော်တွေ မစွမ်းဘူးဆိုတာ အောက်က video ကသက်သေပြပါလိမ့်မယ်။ ဝတ်ထားတဲ့ အဝတ်ကို ချွတ်ပြီး  တစ်ဖက်က လူတွေရဲ့လက်အောက်ကနေ လွတ်မြောက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာတော့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ရဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတစ်ချို့နဲ့ သူတို့ရဲ့ စားနပ်ရိက္ခာများကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဒါ့အပြင် ကျည်ကွင်းဂါထာစာရွက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့လည်း ကျန်ခဲ့တာကို မြင်တွေ့ရပါတယ်။ပြည်သူတွေကလည်း ပြည်သူ့တပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ်ကင်းစေရန် အမြဲတမ်း ဆုတောင်းမေတ္တာပို့သပေးနေကြတာ ဖြစ်ပါတယ်။ အရေးတော်ပုံအောင်နိုင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲတွေမှာ ကိုယ့်အသက်အန္တရာယ်ဖြစ်မှာကိုတောင် မစိုးရိမ်ဘဲ တစ်ဖက်ရန်သူကို ကြိုးစားတိုက်ထုတ်ပေးနေကြသူများအားလုံးက လေးစားဂုဏ်ယူစရာကောင်းလွန်းလှပါတယ်။ PDF တပ်ဖွဲ့ဝင်များ အားလုံးလည်း အခုလိုမိုးရာသီကာလမှာ အစစအရာရာအဆင်ပြေကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T