အလိုမရှိသီချင်းကို ကြက်သီးထစရာကောင်းလောက်အောင် အားမာန်အပြည့်နဲ့ ဟစ်ကြွေးသီဆိုခဲ့ကြတဲ့ လွတ်မြောက်နယ်မြေက ညီအစ်ကိုတွေရဲ့ဗီဒီယို

//s9.kh1.co/ea/ea7b665b43b370e7aeb9a06b44bd6d3c4733aaca.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အလိုမရှိသီချင်းကို ကြက်သီးထစရာကောင်းလောက်အောင် အားမာန်အပြည့်နဲ့ ဟစ်ကြွေးသီဆိုခဲ့ကြတဲ့ လွတ်မြောက်နယ်မြေက ညီအစ်ကိုတွေရဲ့ဗီဒီယို

ပြည်သူတွေကတော့ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ ဇွဲ၊လုံ့လ၊ဝီရိယတွေကို ရှေ့တန်းတင်ပြီး အာဏာရှင်စနစ်ကို ရရာနည်းလမ်းနဲ့ တော်လှန်နေကြတာ ဖြစ်ပါတယ် ။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့သူတွေရှိသလို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ပံ့ပိုးကူညီပေးနေတဲ့သူတွေလည်း ရှိနေပြန်တာ ဖြစ်ပါတယ် ။ လူငယ်တွေကတော့ နောင်လာမယ့်မျိုးဆက်သစ်တွေ ကောင်းစားဖို့နဲ့ တိုင်းပြည်ကြီး အမြန်ဆုံး အေးချမ်းဖို့အတွက် အရှေ့ထွက်ပြီး တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုဆိုရင် လူငယ်တွေက သက်ဆိုင်ရာမြို့နယ်အသီးသီးမှာရှိတဲ့ PDF အဖွဲ့တွေထဲကို ဝင်ရောက်နေကြသလို တစ်ချို့ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဆီမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ် ။ တောင်ထဲတောင်ထဲမှာ စစ်ပညာသင်ယူနေတဲ့ လူငယ်တွေက ရောက်ရာအရပ်ကနေ ဆန္ဒဖော်ထုတ်နေဆဲ ဖြစ်ပါတယ် ။ အခုလည်း KNU လွတ်မြောက်နယ်မြေမှာရှိတဲ့ လူငယ်တွေက "အလိုမရှိ" သီချင်းကို အတူတူသီဆိုခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူတို့ကတော့ ညီအစ်ကိုတွေလို စည်းစည်းလုံးလုံးရှိနေကြပြီး အားမာန်အပြည့်နဲ့ ဟစ်ကြွေးနေကြတာပဲ ဖြစ်ပါတယ် ။ စိတ်ဓာတ်တက်ကြွစေဖို့အတွက် "အလိုမရှိ" သီချင်းကို ညီညီညာညာ သီဆိုနေကြတဲ့ တောထဲက လူငယ်တွေရဲ့အသံကလည်း တကယ့်ကို ကြက်သီးထစရာကောင်းလောက်တာ ဖြစ်ပါတယ် ။ သူတို့က သီချင်းဆိုရင်း လက်သီးလက်မောင်းတန်းကာ ကြွေးကြော်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T