တစ်ဦးတည်းသောသားလေးကို ဆုံးရှုံးလိုက်ရတဲ့နေ့ကစပြီး အထီးကျန်ပူဆွေးကာ နေ့ညမပြတ် သတိရနေတဲ့ မိခင်တစ်ယောက်ရဲ့အလွမ်း

//s9.kh1.co/36/36aff5350f0f06dede945784117a3058b5e4a856.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တစ်ဦးတည်းသောသားလေးကို ဆုံးရှုံးလိုက်ရတဲ့နေ့ကစပြီး အထီးကျန်ပူဆွေးကာ နေ့ညမပြတ် သတိရနေတဲ့ မိခင်တစ်ယောက်ရဲ့အလွမ်း

ကျဆုံးသွားတဲ့ သူရဲကောင်း အယောက် (၈၀၀) ကျော်ထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းပါဝင်သလို ဆယ်ကျော်သက်လူငယ်တွေအပြင် အရွယ်စုံမရွေးပါဝင်နေတာဖြစ်ပါတယ်။မိသားစုတွေအနေနဲ့ကတော့ မိမိတို့ရဲ့ သွေးသားရင်းခြာတွေကို ဆုံးရှုံးလိုက်ရတာ တစ်လပြီး တစ်လကုန်လွန်လာခဲ့ပေမယ့် အခုချိန်ထိ ဝမ်းနည်းပူဆွေးနေကြဆဲပဲဖြစ်ပါတယ်။မနေ့က ဇွန်လ (၁၄) ရက်နေ့ကတော့ အသက်ပေးသွားရတဲ့ သူရဲကောင်းတချို့ရဲ့ (၃) လပြည့်နေ့လေးပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကြည့်မြင်တိုင်က (၁၉)နှစ်အရွယ် လူငယ်လေး မောင်မင်းဝေယံမောက် ဆိုရင်လည်း လူထုလှုပ်ရှားမှုမှာပါဝင်ရင်းကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာ ဇွန်လ (၁၄) ရက်နေ့မှာ (၃) လပြည့်သွားခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့မိခင်ကတော့ တစ်ဦးတည်းသောသားလေးအတွက် ကုသိုလ်ကောင်းမှူတွေကို လုပ်ဆောင်ပေးပြီး နေ့ညမပြတ် သတိရနေတာဖြစ်ပါတယ်။သားလေးဆုံးသွားတဲ့ (၃) လပြည့်မှာတော့ မိခင်ဖြစ်သူက သူမရဲ့ရင်ထဲကအလွမ်းတွေကို စာလေးရေးဖွဲ့ပြီးဖွင့်ဟလာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အရမ်းချစ်ရတဲ့သားလေးကို အပြီးတိုင်ဆုံးရှုံးလိုက်ရပေမယ့် မိခင်အနေနဲ့ တစ်နေ့မှ မေ့မရခဲ့တာဖြစ်ပါတယ်။သူမတို့သားအမိနှစ်ယောက် အချိန်အတိုင်းအတာတစ်ခုထိ အတူနေခွင့်ရခဲ့ပြီး သားလေးရဲ့မေမေဖြစ်ခွင့်ရခဲ့တဲ့အတွက်အမြဲကျေနပ်ဂုဏ်ယူနေတာဖြစ်ပါတယ်။ကြည့်မြင်တိုင် လူထုလှုပ်ရှားမှုမှာ ပထမဆုံး အသက်ပေးသွားခဲ့ရတဲ့မောင်မင်းဝေယံမောက်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ပြည်သူတွေကလည်း သတိရနေကြဆဲဖြစ်ပါတယ်။ရင်နှစ်သည်းခြာသားလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ရဲ့ခံစားချက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T