တောထဲမှာ မိုးတွေရွာကာ လေမုန်တိုင်း ပြင်းထန်စွာ တိုက်လာတာကြောင့် တဲတွေလည်းပျက်ပြီး ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/10/10a5df4a1e053b53bdd8328876e76e7f9184b056.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတိုက်ပွဲက တဖြည်းဖြည်း အရှိန်ကောင်းလာသလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲဝင်ရောက်လာကြတဲ့ လူငယ်တွေလည်း များလာခဲ့ပါတယ် ။ ဒီလိုဝင်ရောက်ကြရာမှာလည်း ထင်သလိုမလွယ်ကူပဲ အခက်အခဲတွေ ၊ အဆင်မပြေမှုတွေ များစွာကို ရင်ဆိုင်ခဲ့ကြရပါတယ် ။ အရင်က မိဘအိမ်မှာ အရာရာပြည့်စုံစွာနေခဲ့ရပေမယ့် ခုဆို သောက်ရေတောင် တောတောင်ထဲက သဘာဝစီးဆင်းနေတဲ့ ရေတွေကိုပဲ သောက်နေရသလို အဲ့လိုရေတွေ ရဖို့လည်းတော်တော်ကြာကြာ ရှာဖွေကြရတာပါ ။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကို ကာကွယ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အဆင်မပြေမှုတွေကို မေ့ထားပြီး တောထဲမှာပဲ သူတို့ ဘဝလေးတွေကို ကုန်ဆုံးကာ စစ်သင်တန်းကို အားသွန်ခွန်စိုက် ကြိုးစား သင်ယူနေကြတာပဲဖြစ်ပါတယ်။  အခုချိန်မှာ မိုးရာသီလည်းဖြစ်သလို မိုးတွေလည်း ဆက်တိုက်ရွာသွန်းနေတာကြောင့်  မလုံခြုံတဲ့ ရွက်ဖျင်တဲတွေထဲမှာ လူငယ်တွေက မိုးတွေ စိုကာ အအေးဒဏ်ကို ခံနေရတာလည်း ဖြစ်ပါတယ်။ တစ်ချို့ဆို မြေကြီးပေါ်မှာပဲ ဖြစ်သလို အခင်းတစ်ချပ်နဲ့ အိပ်ခဲ့ရတာတွေလည်းရှိပါတယ် ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

မနေ့ညကဆိုရင်လည်း တောထဲမှာ မိုးတွေ ရွာသွန်းပြီး လေမုန်တိုင်း တိုက်ခဲ့တာကြောင့် လူငယ်လေးတွေ မုန်းတိုင်းဒဏ်ကို ကောင်းကောင်း ကြုံတွေ့ခဲ့ရပါတယ် ။ တဲတွေလည်း ပျက်စီးသွားတာကြောင့်  မိုးရွာထဲမှာပဲ မိုးကာလေးခြုံပြီး ခက်ခဲစွာဖြတ်သန်းခဲ့ရတာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ ။ တောတောင်ထဲ လေအေးတွေကလည်းတိုက် မိုးကလည်းရွာလို့ ချမ်းအေးပြီး အသံတွေတောင်တုန်နေကြတာ ဗီဒီယိုလေးကြည့်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် PDF လေးတွေရဲ့ မုန်တိုင်းဒဏ်ကို ဖြတ်သန်းခဲ့ရတဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T