ဘဝနတ်ထံသို့ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဘုရားကြီးရဲ့ အရိုးပြာတော်၊ဓာတ်တော်တွေကို ပေါင်းလောင်းမြစ်အတွင်း ရေမျောပူဇော်နေကြတဲ့ ဗီဒီယို

//s9.kh1.co/b0/b0c2045f41c030731236ea5416b34162465300dc.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဘဝနတ်ထံသို့ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဘုရားကြီးရဲ့ အရိုးပြာတော်၊ဓာတ်တော်တွေကို ပေါင်းလောင်းမြစ်အတွင်း ရေမျောပူဇော်နေကြတဲ့ ဗီဒီယို

ဇွန်လ (၁၀) ရက်နေ့က ဘဝနတ်ထံသို့ပျံလွန်တော်မူသွားခဲ့တဲ့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရာကြီး ဒေါက်တာဘဒ္ဒန္တကဝိသာရ က သက်တော် (၉၅) နှစ်၊သိက္ခာတော် (၇၅)ဝါရှိပြီး နိုင်ငံတော်ဩဝါဒါစရိယဘွဲ့လည်း ရရှိထားတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိ စျာပနသဘင်ပွဲအခမ်းအနားကို ဇွန်လ (၁၄)ရက်၊မနေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးကို မီးသင်္ဂြိုလ်ဖို့အတွက် ဥပ္ပါတ္တသန္တိစေတီတော် ဘုရားကြီးရဲ့  အရှေ့ကွင်းပြင်မှာ စင်ကြီးကို ကြီးကြီးမားမား ဆောက်လုပ်ထားတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိ စျာပနသဘင်ပွဲကို ဒါယကာ၊ဒါယိကာမတွေက လိုက်ပါပို့ဆောင်ကြလို့ကွင်းပြင်ထဲမှာ လူတွေများစွာပြည့်နှက်သွားခဲ့ပါတယ်။ဇွန်လ (၁၅)ရက်၊ဒီနေ့ မနက်ပိုင်းမှာတော့ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးရဲ့ အရိုးပြာတော်၊ဓာတ်တော်များကို ပေါင်းလောင်းမြစ်အတွက် ရေမျောပူဇော်ခြင်းအခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး သက်တော် (၉၅) နှစ်အထိ သာသနာပြုခဲ့တဲ့ ဆရာတော်ဘုရားကြီးအတွက် ပြည်သူလူထုကလည်း ဝမ်းနည်းမျက်ရည်ကျခဲ့ရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သာသနာ့ဘောင်မှာ နှစ်တွေအကြာကြီး ထမ်းရွက်ခဲ့တဲ့ ဆရာတော်ဘုရားကြီးကို ကြည်ညိုလေးစားကြတဲ့ ဒါယကာ၊ဒါယိကာမအပေါင်းနဲ့ သံဃာတော်များစွာရှိပါတယ်။ဒါ့ကြောင့်လည်း ဘဝနတ်ထံသို့ပျံလွန်တော်မူသွားတဲ့ဆရာတော်ဘုရားကြီးရဲ့ နောက်ဆုံးခရီးမှာ လူပေါင်းထောင်ချီနဲ့ စည်ကားခဲ့တာကို တွေ့မြင်ရပါတယ်။ဒီနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ အရိုးပြာတော်၊ဓာတ်တော်တွေကို ရေမျောပူဇော်ခြင်းအခမ်းအနားကို ပြည်သူတွေအားလုံး ကြည့်ရှု့ရအောင်လို့ ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T