တိုက်ပွဲနားချိန်မှာ ခံစားချက်အပြည့်နဲ့ ဆွေးဆွေးမြေ့မြေ့လေး သီချင်းဆိုရင်း အလွမ်းဖြေနေကြရှာတဲ့ တောထဲကလူငယ်တွေရဲ့ဗီဒီယို

//s9.kh1.co/a1/a1c06ce63df992306efe093083ef5315cd045ad7.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးတိုက်ပွဲကြီးကတော့ ပြည်မမှာသာမက တောင်တန်းဒေသတွေမှာပါ ပြည်သူတွေအားလုံး အတူလက်တွဲပါဝင်နေကြပြီး မျိုးဆက်သစ်လူငယ်တွေရဲ့ အနစ်နာခံပေးဆပ်မှုတွေကလည်း တကယ်ကို ကြီးမားလွန်းလှပါတယ်..။

တောတောင်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေကြပြီး လေ့ကျင့်မှုတွေအပြီး သေနတ်ကိုင်ကာ တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးကြရတဲ့ မြင့်မြတ်တဲ့ ပြည်သူ့သူရဲကောင်းတွေကလည်း အများအပြားပါပဲ..။

Photo Credit
Photo Credit

အခြေအနေတွေအရ လက်ထဲမှာသေနတ်တွေကိုင်ထားရပေမယ့် စိတ်ကူးအိပ်မက်တွေနဲ့ အရာရာထူးချွန်ထက်မြက်ကြတဲ့ မျိုးဆက်သစ်လူငယ်တွေကတော့ တောထဲတောင်ထဲမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြသလို တိုက်ပွဲနားချိန်တွေမှာလည်း သီချင်းဆိုဖျော်ဖြေမှုတွေနဲ့ ကြံဖန်ပျော်ကြရှာတာ တွေ့ရပါတယ်..။

လူငယ်ပီပီ ပျော်တတ်ကြတဲ့အရွယ်မှာ မိသားစုနဲ့ ချစ်ရသူတွေကို ခွဲခွာကာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်နဲ့ခန္ဓာကို ပေးဆပ်နေကြရပြီး ချစ်ရသူတွေကို သတိရလွမ်းဆွတ်မိရင်း သီချင်းလေးတွေကို လွမ်းလွမ်းဆွေးဆွေး သီဆိုထားတာ ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

"ချင်းတောင်က တူမီးသူရဲကောင်းလေးတွေရဲ့ 

တိုက်ပွဲနားနေချိန်မှာ ဖျော်ဖြေမှု??

သူတို့လဲ လူငယ်ပီပီရှာကြံပျော်ကြရရှာတာ

အားနာမိပါတယ် ညီငယ်တို့ ..." ဆိုပြီး တော်လှန်ရေးရဲဘော်တစ်ဦးက ဗီဒီယိုဖိုင်ကို ဝေမျှထားတာ ဖြစ်ပါတယ်..။

ခံစားချက်အပြည့်နဲ့ ဆွေးဆွေးမြေ့မြေ့လေး သီချင်းဆိုနေကြတဲ့ တော်လှန်ရေးရဲဘော်လူငယ်တစ်စုရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပြည်သူတွေရဲ့ရင်ထဲ တကယ်ကိုရောက်ရှိကြတာလည်း တွေ့ရပါတယ်..။

Photo Credit
Photo Credit

သတင်း အရင်းအမြစ်Video CJ

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T