တောထဲမှာအိပ်ရတာကြာလို့ ခြင်တွေကိုက်ခံရကာ အနာတွေပါဖြစ်လာရတဲ့ စစ်ဘေးရှောင်ကလေးငယ်များရဲ့ အခြေအနေ

//s9.kh1.co/b8/b884f0508c0bc1fced4319144742c6416a85033f.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အခုလက်ရှိမှာဆိုရင်တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပေါ်နေပြီး အထိအခိုက်အကျအဆုံးများလာနေတယ်လို့သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေမှာလည်း နေရပ်ကိုစွန့်ခွာကာ တောတောင်ထဲတွေမှာသွားရောက်ခိုလှုံနေရပြီး ဆင်းရဲဒုက္ခတွေနဲ့တွေ့ကြုံခံစားနေကြရတာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း ရရာလက်နက်ဆွဲကိုင်ကာခုခံတော်လှန်နေကြပေမယ့် လက်နက်အင်အားမမျှတာကြောင့် ပြည်သူတွေရဲ့စည်းစိမ်ဥစ္စာတွေအထိပါ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မိုးတွင်းကာလလည်းဖြစ်တဲ့အပြင် ရိက္ခာမလုံလောက်မှုတွေနဲ့ နေစရာအိမ်အဆင်မပြေမှုတွေကြောင့် စစ်ဘေးရှောင်တိုင်းရင်းသားတွေခမျာ နေ့စဉ်နဲ့အမျှဒုက္ခပင်လယ်ဝေနေကြရတာဖြစ်ပါတယ်။ အခုလိုမိုးတွင်းကာလမှာ တောတောင်ထဲမှာနေနေရတာ တကယ်ကိုမလွယ်ကူလှတဲ့ကိစ္စတစ်ခုပါ။ အမိုးအကာမလုံခြုံနဲ့ ဆင်းရဲပင်ပန်းစွာနေရတဲ့အပြင် ခြင်တွေ၊မျော့တွေနဲ့ ဖြုတ်တွေကိုက်ခံရမှုတွေကြောင့်လည်း ပြည်သူတွေခမျာ အနာတွေပါဖြစ်နေကြရတယ်လို့သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြည်မထဲကပြည်သူတွေ နွေးနွေးထွေးထွေးနဲ့ အိပ်ယာထဲမှာ နေနေကြတဲ့အချိန် စစ်ဘေးရှောင်ပြည်သူတွေကတော့ တောတောင်ထဲတွေမှာ ကျီးလန့်စာစားနဲ့နေနေကြရတာပါ။ ကလေးသူငယ်လေးတွေခမျာလည်း မိုးထဲရေထဲမှာ စစ်ဘေးရှောင်နေကြရင်း ခြင်တွေအကိုက်ခံရတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးအနာတွေဖြစ်နေတဲ့ပုံရိပ်တွေကို စစ်ဘေးရှောင်ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာမှာတင်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T