အလှူခံတာနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့သူတွေကို သူအင်တာနက်သုံးဖို့တောင် ဘယ်လိုဒုက္ခခံရကြောင်း ဗီဒီယိုနဲ့တကွသက်သေပြလိုက်တဲ့ PDF လူငယ်တစ်ဦး

//s9.kh1.co/03/034d8628acd85c1b8f1897bb5da7304e2cbb09a8.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အလှူခံတာနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့သူတွေကို သူအင်တာနက်သုံးဖို့တောင် ဘယ်လိုဒုက္ခခံရကြောင်း ဗီဒီယိုနဲ့တကွသက်သေပြလိုက်တဲ့ PDF လူငယ်တစ်ဦး

လက်ရှိမှာတော့ မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသအသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ် ။ PDF အဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေသူ အများစုကတော့ လူငယ်တွေဖြစ်ကြပြီး သူတို့က တိုင်းပြည်ရဲ့အနာဂတ်အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ ရန်ကုန်မြို့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ မပျက်မကွက်ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးကလည်း အခုဆိုရင် PDF တပ်ဖွဲ့တစ်ခုကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc

သူကတော့ ရန်ကုန်မှာရှိစဥ်ကတည်းက အန္တရာယ်တွေကြားကနေ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ အခုချိန်မှာတော့ တောထဲတောင်ထဲကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူတွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း PDF အဖွဲ့တွေအတွက် တစ်လကို (၅)ထောင်ပဲလှူပေးပါဆိုပြီး သူက အလှူခံခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ အလှူခံဖို့အတွက် အသုံးပြုထားတဲ့ ဖုန်းနံပါတ်က Mytel ဖြစ်နေတာကြောင့် သူ့အနေနဲ့ ဝေဖန်မှုတွေခံခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc

သူကတော့ ဝေဖန်တဲ့သူတွေကို တော်လှန်ရေးပြီးမှသာ သူနေခဲ့စားခဲ့ရတဲ့ အခြေအနေတွေနဲ့ ပေးဆပ်ခဲ့ရပုံတွေ ပြောပြမယ်ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် "ကိုယ်ကျိုးအတွက်ရှာရအောင်လည်း မွဲတေနေပြီး တော်လှန်ရေးဗန်းပြပြီး ကိုယ်ကျိုးအတွက် သူများတွေလို နိုင်ငံရေးအမြတ်ထုတ်နေခဲ့တာလည်းမဟုတ်ဘူး။ ကိုယ်ဘယ်ရောက်နေပါတယ် ဘယ်မှာနေနေရပါတယ် ဘာညာဆိုပြီး အကုန်ရိုက်ပြနေရအောင်လည်း တပ်ရင်းသတင်းအပေါက်မခံနိုင်ဘူး။ " ဆိုပြီး ပြန်လည်တုံ့ပြန်ထားပါတယ်။ ဝေဖန်မှုတွေရှိနေပေမယ့်လည်း လောလောဆယ်တော့ လမ်းမလွဲအောင် တည့်တည့်ဆက်သွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို အင်တာနက်သုံးရဖို့နဲ့ Post တွေတင်နိုင်ဖို့အတွက် မိုးရွာထားတဲ့တောင်ပေါ်ကို ခက်ခက်ခဲခဲတက်ခဲ့ရကြောင်း ဗီဒီယိုဖိုင်နဲ့အတူ မျှဝေထားတာလည်း တွေ့ရပါတယ်။

Source & Video Credit-Soe Win Naing's FB Acc

Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Photo Credit-Soe Win Naing's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T